အစွန်းထင်းမဲ့ နှလုံးသား

( 0 မှတ်ချက်)

4000 (ကျပ်)

စိတ်အညစ်အကြေးကင်းစင်စွာ
ရှင်သန်နေထိုင်တတ်ဖို့
ကြည်လင်အေးမြတဲ့ စိတ်နှလုံးကို
ရရှိဖို့…..

“မပြည့်စုံလို့ မဖြည့်နိုင်တဲ့ ဆန္ဒတွေထဲမှာ
ရောင့်ရဲတတ်တဲ့ စိတ်ဟာ တေးတပုဒ်လိုပါပဲ
ဘယ်အချိန်ဆိုဆို ချိုနေလေရဲ့…”

▫️ ကိုယ်ဖြစ်စေချင်သလို မဖြစ်တတ်ခြင်းသည်ပင် ဘဝဟု ကျွန်တော် ထင်မှတ်မိသည်။ ကိုယ့်ဘက်က အကောင်းဆုံး ပေးနေပါလျက် အဆိုးဆုံးတွေလည်း ပြန်ရတတ်ပြန်ပါသည်။ ကိုယ့်ဘက်က အဖြူထည်သက်သက် ခင်းကျင်းထားပါလျက် အရောင်များစွာလည်း အဆိုးခံရတတ်ပါသည်။

▫️ ထိုသို့သော အခြေအနေမျိုးတွေ ကြုံရသည့်အခါတိုင်း နှလုံးသားတွေ အရောင်မပြောင်းဘဲ၊ အစွန်းထင်း မခံဘဲ လက်ခံနိုင်ရန် လိုအပ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း လွန်ခဲ့သော နှစ်အနည်းငယ်က ဆုံးရှုံးမှုတခုကြောင့် နှလုံးသားမှာ အနာတရတခု အကြီးအကျယ် ရရှိခဲ့ဖူးသည်။ မျှော်လင့်ချက် အနာဂတ်တခု ကျိုးပျက်သွားသလို ခံစားကြေကွဲဖူးသည်။ စိတ်မအေးချမ်းမှုများစွာနှင့် ရေစုန်မျော လိုက်ပါမိခဲ့သည်။

▫️ နောက်ဆုံး အသိတရားတခု ဖျတ်ခနဲ အဝင်မှာ ပြန်ပြင်ဆင်ဖို့ ကြိုးစားရင်း စိတ်အင်အား ဖြစ်စေမည့်၊ စိတ်အေးချမ်းစေမည့်၊ ဖြစ်လာသမျှ အရာတွေကို လက်ခံနိုင်မည့် စာပေများ၊ တရားများ မှတ်သားနာယူကာ တည်ငြိမ်လာနိုင်ခဲ့ပါသည်။ နှလုံးသားရဲ့ အစွန်းထင်းများကို ချွတ်နိုင်ခဲ့ပါသည်။

▫️ ဤစာအုပ်ပါ စာစုများသည် ကျွန်တော်၏ စိတ်နှလုံးတွင် ထင်ဟပ်လာသော စိတ်အေးချမ်းမှုများဆီ ဦးတည်သည့် စာစုများသာ ဖြစ်ပါသည်။ ဤအေးချမ်းမှုအတွေးများကို အစဥ်တည်ရှိဖို့ရာ ပြန်လည်နှလုံးသွင်းနိုင်ရန် ရည်ရွယ်လျက် ရေးသားမိခြင်း ဖြစ်ပါသည်။ ဤစာစုများကို ဖတ်ရှုမိသူ တဦးတယောက်မျှ စိတ်အေးချမ်းမှုကို တဒင်္ဂဖြစ်ဖြစ် ရခဲ့ငြားအံ့ ရည်စူးလျက် သည်စာအုပ်လေးကို စာဖတ်သူထံ ပေးပို့ရခြင်း ဖြစ်ပါသည်။
(စာရေးသူအမှာစာမှ ကောက်နှုတ်ဖော်ပြချက်)

စာမျက်နှာ

100

စာအုပ်အရွယ်အစား

5.5 x 0.2 x 8.3 inches

ပုံနှိပ်မှတ်တမ်း

ဇလပ်နီစာပေ 2023 နိုဝင်ဘာလ

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အစွန်းထင်းမဲ့ နှလုံးသား” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ရိပ်ငြိမ် စာအုပ်များ