ပျော်မြူးပြည့်လျှံငွေပိုက်ဆံ

( 0 မှတ်ချက်)

17000 (ကျပ်)

“တင်းတိမ်ရောင့်ရဲ့ ပျော်ပျော်ပဲ
အမြဲချစ်ခင် ကျေးဇူးတင်
စွမ်းအင်အထူး ဓာတ်ချင်းကူး
ပျော်မြူးပြည့်လျှံ ငွေပိုက်ဆံ။”

ပိုက်ဆံဆိုတာ စိုးရိမ်ပူပန်မှု၊ ဝိရောဓိ၊ အကြောက်တရားတွေရဲ့ အရင်းအမြစ်ဖြစ်နေတဲ့ ဒီခေတ်ကြီးထဲမှာ၊ “ပိုက်ဆံဆိုတာ ပြုံးပျော်ရွှင်မြူးနိုင်သလို သင်လည်းပဲ ပြုံးပျော်ရွှင်မြူးနိုင်တယ်” ဆိုတဲ့ လတ်ဆတ်ထူးခြားတဲ့ သတင်းစကားကို လက်ဆောင်ပါးဖို့ရာ ‘ပျော်မြူးပြည့်လျှံငွေပိုက်ဆံ’စာအုပ် ပေါ်ထွက်လာတာပါ။

ရောင်းအားအကောင်းဆုံး ဂျပန်စာရေးဆရာ ဇင်သူကြွယ် Ken Honda ရဲ့ Happy Money စာအုပ်ကို ဇေယျာမိုးမြင့်က မြန်မာမှုပြုထားတဲ့ ‘ပျော်မြူးပြည့်လျှံငွေပိုက်ဆံ’စာအုပ်ဟာ ပိုက်ဆံနဲ့ပတ်သက်တဲ့ အတိတ်ဒဏ်ရာတွေကို ကုစားပြီး၊ ကျေးဇူးတရား၊ ချစ်ခြင်းမေတ္တာများနဲ့ ငြိမ်းချမ်းသာယာတဲ့ ပိုက်ဆံစီးကြောင်းကမ္ဘာမှာ ကောင်းမြတ်ပြည့်စုံတဲ့ဘဝကို နေထိုင်လို့ရအောင် စာဖတ်သူကို လမ်းပြခေါ်ဆောင်သွားပါတယ်။

“ပိုက်ဆံတွေ ပိုဝင်အောင် ဘယ်လိုလုပ်မလဲ”၊ “ပိုက်ဆံတွေ ပိုများအောင် ဘယ်လိုစုဆောင်းမလဲ”၊ “ပိုက်ဆံတွေ ပိုပွားအောင် ဘယ်လိုရင်းနှီးမြှုပ်နှံမလဲ” စတာမျိုးတွေကို အာရုံစိုက်လေ့ရှိတဲ့ အစဉ်အလာ ငွေရေးကြေးရေးစာအုပ်တွေနဲ့ မတူကွဲပြား ထူးခြားစွာ ‘ပျော်မြူးပြည့်လျှံငွေပိုက်ဆံ’စာအုပ်ဟာ အဲ့ဒီအရာတွေထက် ပိုမိုနက်ရှိုင်းတဲ့ (ပိုက်ဆံလို့ဆိုလိုက်ရင် သင် ဘယ်လိုခံစားရသလဲ။ အဲ့ဒီခံစားမှုတွေက သင့်ဘဝကို ဘယ်လိုပုံဖော်သလဲ ဆိုတာမျိုးတွေ)ကို အလင်းပြပေးပါတယ်။

ရင်ကိုထိရှိ ခံစားရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေ၊ ရိုးစင်းရှင်းလင်းတဲ့ သုံးသပ်ချက်တွေ၊ ချက်ချင်းလက်တွေ့အသုံးချလို့ရတဲ့ နည်းလမ်းတွေနဲ့ ‘ပျော်မြူးပြည့်လျှံ ငွေပိုက်ဆံ’စာအုပ်ဟာ အကြောက်တရားတွေ၊ နောင်တတစ်ဖန်ပူပန်ခြင်းတွေ၊ မျက်ရည်စက်ကြီးငယ်တွေ (အပူစာ)တွေက ဝင်လာတဲ့ “မပျော်မမြူး ညစ်ညူးပုပ်နံ တစ္ဆေပိုက်ဆံ” မှသည် ချစ်ခြင်းမေတ္တာတွေ၊ ပီတိသုခတွေ၊ စိတ်ချယုံကြည်ခြင်းတွေ (အအေးစာ)တွေက ဝင်လာတဲ့ “ပျော်မြူးပြည့်လျှံ ငွေပိုက်ဆံ” ဆီသို့ ပြောင်းရွှေ့ဖို့ရာ စာဖတ်သူကို ဖေးကူတွဲခေါ်ပါတယ်။

“ကမ္ဘာတစ်လွှားက
မြန်မာစာ မြန်မာစကား သိနားလည်ပြောကြားတဲ့
ရဟန်းရှင်လူ မိဘ ဆရာသမားများ
သားငယ် သမီးငယ်များထံ
ပျော်မြူးပြည့်လျှံ ငွေပိုက်ဆံ
လက်ဆင့်ကမ်းရန် အပ်နှံပါသည်။”

အထက်ပါ ရည်ညွှန်းချက်နဲ့အညီ၊ ရိုးရှင်းကြွယ်ဝတဲ့ မြန်မာမှုရသ စကားပြေအားကောင်းကောင်းနဲ့ မီးမောင်းထိုးဖော်ပြထားတဲ့ “အနှစ်သာရ”ကို မြန်မာစာဖတ်တတ်သူဟူသမျှ ရကြမှာ အင်မတန် သေချာတဲ့ စာအုပ်ဖြစ်ပါတယ်။  ငွေရေးကြေးရေး စိန်ခေါ်မှုတွေ ကြုံနေရသူပဲဖြစ်ဖြစ်၊ စိတ်လှုပ်ရှားခံစားမှုတွေ ကြိုးဆွဲရာ ကနေရတဲ့ဘဝကနေ လွတ်မြောက်ချင်နေသူပဲဖြစ်ဖြစ်၊ ပိုက်ဆံဆိုင်ရာစိတ်နေစိတ်ထား ကောင်းသထက်ကောင်းဖို့ ကြိုးစားနေသူပဲဖြစ်ဖြစ် “ပျော်မြူးပြည့်လျှံငွေပိုက်ဆံစာအုပ်” ဟာ စာအုပ်တစ်အုပ်မျှသာ မဟုတ်ပါ။ ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာတဲ့ဘဝခရီးလမ်းကို ငြိမ်းချမ်းစွာလျှောက်လှမ်းဖို့ရာ စာဖတ်သူနံဘေးမှာ အမြဲပါနေမယ့် အဖော်ကောင်း မိတ်ဆွေမှန် ကလျာဏမိတ္တစင်စစ် ဧကန်ဖြစ်ပါတယ်။

စာမျက်နှာ

231(Woodfree paper)

စာအုပ်အရွယ်အစား

5.7× 0.5 ×7.7 inches

ပုံနှိပ်မှတ်တမ်း

The Ultimate Bookhouseစာပေ၊ 2025 ဇူလိုင်လ (ပထမအကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပျော်မြူးပြည့်လျှံငွေပိုက်ဆံ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဇေယျာမိုးမြင့် စာအုပ်များ