ပျော်ရွှင်ခြင်းတံခါးပေါက်

( 2 မှတ်ချက်)

3000 (ကျပ်)

ယခုစာအုပ်တွင် လက်ရှိလူနေမှုဘဝမှာ ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေ၊ အချစ်ရေးပြဿနာလေးတွေ၊ စိတ်မထားတတ်မှုပြဿနာလေးတွေဟာ ကိုယ့်ဘဝခရီးလမ်းမှာများစွာ အဟန့်အတားဖြစ်စေရတယ်ဆိုတာကို ဖော်ညွှန်းပေးထားသိလို၊ကြုံတွေ့လာရသမျှတွေကလည်း ကိုယ့်ရဲ့မရင့်ကျက်မှုတွေ၊အဆိုးမြင်တာတွေကြောင့်အပြင် အခြားအကြောင်းရာတွေကြောင့် ဖြစ်ပေါ်လာရတဲ့အတွက် မကောင်းတဲ့အရာ၊ မထားသင့်တဲ့စိတ်တွေကို ဘယ်လို နှုတ်ဆက်ဖယ်ရှားလိုက်ရမလဲဆိုတဲ့ အသိအမြင်လေးတွေကို ဝေမျှထားပါတယ်။
ကိုယ်ရဲ့မှောင်မိုက်နေတဲ့စိတ်ထွက်ပေါက်လေးကို ကိုယ်တိုင်ဖွင့်လှစ်ပြီး လွတ်မြောက်ပျော်ရွှင်လိုသူတို့အတွက်စာအုပ်ကောင်းတစ်အုပ်…

စာမျက်နှာ

147

စာအုပ်အရွယ်အစား

5.6 x 0.3 x 8 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2019 ဒီဇင်ဘာလ (ဒု-ကြိမ်)

ပျော်ရွှင်ခြင်းတံခါးပေါက် အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Biak Nai Sui

    #ဆရာမ မာရင်ရင်ရဲ့ #ပျော်ရွှင်ခြင်းတံခါးပေါက် ဆိုတဲ့စာအုပ်လေးကို ဖတ်ကြည့်ပါလို့ မဖတ်ရသေးတဲ့ စာချစ်သူတွေကို ဝေမျှချင်ပါတယ်
    ဘာလို့လဲဆို ကျွန်မလို စာပေတွေကိုချစ်ပေမယ့် ခုမှစဖတ်ဖို့ကြိုးစားနေသူတွေ၊ စာတွေဖတ်နေပေမယ့် အများကြီးမဖတ်နိုင်သေးသူတွေနဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်အမျိုးမျိုးမှာ ကြိုးစားရှင်သန်နေသူတွေအတွက် နည်းနည်းဖတ်ရုံနဲ့ ထိရောက်စေတဲ့စာပိုဒ်လေးတွေဖြစ်နေလို့ပါ၊ ခုမှလူလားမြောက်အရွယ်ရောက်မယ့် မောင်ငယ်ညီမငယ်တွေအတွက် ချစ်ခြင်းမေတ္တာရဲ့သဘောနဲ့ အန္တရာယ်လေးတွေ လောကလူတွေရဲ့ပေါင်းသင်းဆက်ဆံမှုဆိုင်ရာဂရုပြုစရာလေးတွေပါတဲ့အတွက် ကြိုးစားနေသူတွေအတွက်ခွန်အား ဖြစ်စေပြီး ပျော်ရွှင်တဲ့တံခါးပေါက်ကနေ နေ့တိုင်းဝင်ထွက်နိုင်ဖို့ရည်ရွယ်ရေးသားထားတဲ့စာအုပ်လေးလို့ ခံစားမိဖတ်မိလို့ပါ။ စာမျက်နှာ ၂ဖက်မှာ တစ်ဖက်က သရုပ်ဖော်ပုံလေးပါပြီး တစ်ဖက်မှာတော့ ခေါင်းစဉ်လေးတစ်ခုနဲ့ အကြောင်းအရာတစ်ခုကို ထိထိမိမိတိုတိုလေး နားလည်လွယ်အောင်ရေးထားတာတွေ့ရတယ် စာပေတွေကိုအမြဲဖတ်ရှုလေ့လာနေသူအတွက်တော့ပေါ့ပေါ့ပါးပါးဖတ်ရှုနိုင်တဲ့ စာအုပ်လေးလို့မြင်မိပါတယ်
    ဆရာမကိုအစဉ်လေးစားလျှက်… စာအုပ်လေးညွှန်းပါတယ်ရှင့်

  2. မဆွေမွန်သန့်

    ဘ၀အတွက်တကယ်ကောင်းတဲ့စာအုပ်လေးပါ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

မာရင်ရင် စာအုပ်များ