ရပ်စောင့်နေကြသော လူသူထုပတိ

( 0 မှတ်ချက်)

7500 (ကျပ်)

ဝတ္ထုတို ၊ စာပေဆောင်းပါးနှင့် စာပေဝေဖန်ရေးဆိုသော ရသစာပေအမျိုးအစားများကို အတိုင်းအတာတစ်ခုအထိ ရေးသားဖြစ်ခဲ့ပြီး ရုပ်ရှင်၊ အိုင်စီတီနည်းပညာနှင့် သတင်းစာဆောင်းပါးများကိုလည်း ရေးသားရသည်ကို နှစ်ခြိုက်မိနေပြန်သည်။ ရုပ်ရှင်သမားအဖြစ်၊ အယ်ဒီတာအဖြစ်၊ သတင်းစာဆရာအဖြစ် ကျင်လည်နေထိုင်နေ၍ စာကလောင်တံသည် ထိုနယ်ပယ်များတွင် လှည့်လည်အသုံးတော်ခံနေရသည်။

ထိုသို့ကျင်လည်နေထိုင်ရေးသားနေရင်းစွဲဖြင့် “ရသစာပေ”ဘက်သို့ ဦးလှည့်မိသည့်အခါတိုင်း အရသာရှိရှိရေးသားမိနေသည်များမှာ “အက်ဆေး”နှင့် “အရေးအသား”များ ဖြစ်နေတတ်ပါသည်။ ထိုသို့ရေးသားရသည်ကို ကိုယ်တိုင်လက်တွေ့သကဲ့သို့ နှစ်ထောင်းအားရလည်း ရှိတတ်ပါသည်။ ကိုယ့်ကိုယ်ကိုယ် ရှာဖွေကြည့်ရာဝယ် မိမိကိုယ်မိမိ “အက်ဆေးသမား”၊ “အရေးအသားသမား”ဟု ရသစာပေဘက်တွင် ဂုဏ်ခံလိုလာသည်။ ထို့ကြောင့် ယခုစာအုပ် “ရပ်စောင့်နေကြသော လူသူထုပတိ” ကို အက်ဆေးဟု ရဲရဲတင်းတင်း တံဆိပ်ကပ်မိသည်။ ထိုသို့ ရဲတင်းဝံ့သည်မှာလည်း ပထမစာအုပ် “လူကူးမျဉ်းကျားက လမ်းဖြတ်ကူးလျှင် ကမ္ဘာကျော်နိုင်ပါသည်” တွင်ပါသော စာပေလက်ရာများကို ဆရာဇေယျာလင်းနှင့် ဆရာမျိုးမြင့်ညိမ်းတို့က အက်ဆေးများပါပဲဟု အတိအလင်းထုတ်ဖော်၍သာဖြစ်သည်။

ထို့အတူ “ရသစာပေ” ရေးသားခြင်းအတွက် ဘာသာဗေဒ သို့မဟုတ် ဘာသာစကားကို အသုံးပြု၍ ရေးသားရခြင်းများနှင့် “ရသစာပေ” ဖြစ်စေရန် ထည့်သွင်းအသုံးပြုရသော ဟန်၊ ပုံစံ၊ တည်ဆောက်ပုံနှင့် နည်းနာစသော အကြောင်းများဖြင့် လွတ်သောစာပေရေးသားခြင်း သို့မဟုတ် ဆန်းသစ်ရေးသားခြင်းများကိုလည်း နှစ်သက်မိပါသည်။ ထို့ကြောင့် ယင်းသို့သောလက်ရာများကိုလည်း ထည့်သွင်းထားမိပါသည်။ ထို့အတွက် ဆရာခင်အောင်အေးက “အက်ဆေး ဖြစ်ရေးမဖြစ်ရေးအတွက် ဘာသတ်မှတ်ချက်မှ သီးသန့်မလိုဘူးဟု ယတိပြတ်ပြောလိုက်ပါ၏။ ဘယ်စာကိုမဆို ကောင်းအောင် အရသာရှိအောင်ရေးမည်ဟူသော ထုံးကို နှလုံးမူသူတွေထဲ မိမိကလည်း ထိပ်ဆုံးမဟုတ်တောင် အပေါ်ပိုင်းအဆင့်ထဲတော့ ပါသည်မို့ သူ့စာတွေကို ဖတ်ပြီး ဒါဟာ ဟန်ဆန်း ရေးသားထားတဲ့ ‘အရေးအသား’တွေပဲဟု လွတ်လွတ်ကျွတ်ကျွတ် ပေါ့ပေါ့ပါးပါး သဘောပိုက်မိပါ၏”ဟု မှတ်ချက်ပြုပါသည်။ ယင်းအတွက်လည်း ကျေနပ်ကြည်နူးမိသလို ကိုယ့်ကိုယ်ကိုယ် “အက်ဆေးသမား” “အရေးအသားသမား” ဟု “ရသစာပေ”နှင့် ခံယူနိုင်ချေရှိသည်ကိုလည်း အားရမိပါသည်။ “အက်ဆေးသမား” “အရေးအသားသမား”အဖြစ် “ရသစာပေ” အပေါ် ဆက်လက်အားထုတ်လိုစိတ်လည်း ဖြစ်မိရပါသည်။

သို့သည်လိုဖြစ်မှုအတွက် လိုအပ်ချက်တစ်ရပ်ရှိနေပါဦးမည်။ ယင်းမှာ စာဖတ်သူ၏ အကဲဖြတ်ချက်ဖြစ်သည်။ စာရေးသူကိုယ်တိုင်ရော၊ အမှာစာ၊ မေတ္တာစာ ချီးမြှင့်ကြသော ဆရာ၊ ဆရာမများကိုယ်တိုင်ရောက “အက်ဆေး”ဟု ရည်ညွှန်းပေးကြသည်ကို လက်ခံနိုင်၏၊ မခံနိုင်၏ ဆုံးဖြတ်ပေးကြပါ။ တစ်နည်းအားဖြင့် ယင်းသည် ပညာရပ်ဆိုင်ရာဖြစ်ပါကလည်း စာရေးသူ ၏အားထုတ်မှုနှင့် ထုတ်ဖော်ပြောကြားမျှဝေလိုသည်များကို ရင်ဘတ်ချင်းအပ်၊ ကျောချင်းကပ် ၍ ရသပေါင်းကူးကြည့်ပါဦးဟု ဆိုချင်ပါသည်။
…..
အထက်ပါစာစုသည် စာရေးသူ၏ အမှာစကားမှ ကောက်နုတ်ထားခြင်း ဖြစ်ပါသည်။ စာရေးသူ ဟန်ဆန်း၏ “ရပ်စောင့်နေကြသော လူသူထုပတိ” အက်ဆေးစာအုပ်တွင် စာမူစုစုပေါင်း ၁၇ ပုဒ်ပါဝင်ပြီး သရုပ်ဖော်ပုံများလည်း ပါဝင်ပါသည်။

စာမျက်နှာ

134

စာအုပ်အရွယ်အစား

5.3 x 0.2 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2024၊ နိုဝင်ဘာလ (ပထမအကြိမ်)

20 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရပ်စောင့်နေကြသော လူသူထုပတိ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဟန်ဆန်း စာအုပ်များ