ကြီးမြတ်ခြင်းလမ်းညွှန်

( 1 မှတ်ချက်)

6000 (ကျပ်)

ဘာတွေဖြစ်လာမလဲဆိုပြီး သူရဲဘောကြောင် စိုးရိမ်ကြောက်ရွံ့နေတာထက်စာရင် လာမယ့်ဘေးကို ရဲရဲပြေးတွေ့လိုက်တာ ပိုကောင်းပါသေးတယ်။

 

ရေရှည်ခံတဲ့ အောင်မြင်မှုဆိုတာ ညတွင်းချင်းပြောင်းလဲမှုတွေရဲ့ ရလဒ် မဟုတ်ပါဘူး။ ဆင့်ကဲဖြစ်စဉ်တွေရဲ့ ရလဒ်ပါ။

 

အောင်မြင်မှုဆိုတာ ပြိုင်ဘက်ကို ကိုယ့်အပေါ်မှာ အဓိပ္ပာယ် သတ်မှတ်ခွင့်ပေးထားတာ မဟုတ်ပါဘူး။ ကိုယ်ကိုယ်တိုင် လေးလေးနက်နက် ယုံကြည်ထားတဲ့ အတွေးအမြင်ပေါ်မှာ အခြေခံပြီး ကိုယ့်ကိုယ်ကိုယ် အဓိပ္ပာယ်သတ်မှတ်ရတာပါ။

အုပ်ရေသန်းနဲ့ချီရောင်းချခဲ့ရတဲ့ A Monk Who Sold His Ferrari စာအုပ်ရဲ့ ပဲ့ကိုင်ရှင် နာမည်ကျော်စာရေးဆရာ Robin Sharmaရဲ့ The Greatness Guide ကို ပြန်ဆိုရေးသားထားတာဖြစ်ပါတယ်။

ဘဝထဲမှာ၊ လုပ်ငန်းခွင်ထဲမှာ၊ မိသားစု မိတ်ဆွေတွေနဲ့ ပေါင်းသင်းဆက်ဆံရေးတွေမှာ ကြီးမြတ်ခြင်းတွေကို ပိုင်ဆိုင်နိုင်ဖို့ ဘယ်လိုစဉ်းစားတွေးခေါ် ကျင့်ကြံနေထိုင်သင့်သလဲဆိုတာကို ရှင်းလင်းပြတ်သားစွာ ရေးသားဖော်ပြထားပါတယ်။ အကြောင်းအရာတစ်ပုဒ် ဖတ်ရှုပြီးတိုင်း တွေးတောစဉ်းစားဖို့၊ တွေးတောပြီးတဲ့အခါ ကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်တယ်လို့ ယူဆတဲ့ အလေ့အကျင့်ကောင်းတွေကို ကျင့်သုံးဖို့လည်း ဒီစာအုပ်လေးက တိုက်တွန်းထားပါသေးတယ်။

စာမျက်နှာ

232

စာအုပ်အရွယ်အစား

4.9 x 0.5 x 7.1 inches

ပုံနှိပ်မှတ်တမ်း

အောင်မင်းဟန်စာပေ၊ 2024 ဖေဖော်ဝါရီ (ပထမအကြိမ်)

15 in stock

ကြီးမြတ်ခြင်းလမ်းညွှန် အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Aung Myo

    ရိုးရှင်းပြီး ထိထိမိမိ ရှိတဲ့ ဘာသာပြန်စာအုပ်ကလေးပါ။ အတော်ဖတ်လို့ ကောင်းပါတယ်။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

Your email address will not be published. Required fields are marked *

အောင်မင်းဟန် စာအုပ်များ