သင့်ကလေး လူကောင်း ၊ လူတော်ဖြစ်အောင်ပုံဖော်နည်း
12000 (ကျပ်)
သားသမီးဟူသည်မှာ မိဘတို့၏ ‘အရိပ်’ ဖြစ်သည်ဟူသောဆိုရိုးစကားတစ်ခုရှိသည်။ မိဘတို့ပုံသွန်းပေးထားသည့်အတိုင်း ရုပ်လုံးပေါ်လာရသော သားသမီးများအဖို့ သူတို့ဘဝတွက်ရွေးချယ်စရာရှိသည်မဟုတ်ပေ။ မိဘတို့တင်ပေးသော လမ်းကြောင်းပေါ်တွင်သာ အလိုက်သင့် လျှောက်လှမ်းကြရခြင်းဖြစ်သည်။
မိဘတို့သည်သားသမီးများအရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် သတိကြီးကြီးထားပြီး တင်းမာတစ်လှည့် ပျောင်းနွဲ့တစ်လီဖြင့် လိုအပ်သလိုဆွဲဆောင်စည်းရုံးကိုင်တွယ်သွားဖို့လိုအပ်ပါသည်။ လေးထောင့်ကွက်ထဲသို့ အဝိုင်းကို အတင်းရိုက်သွင်း၍ မရသကဲ့သို့ အဝိုင်းကွက်ထဲသို့ တြိဂံကိုအတင်းထိုးသွင်းနေ၍လည်း မရပေ။
ထို့ပြင် ကလေးတစ်ယောက်အပေါ်ကျင့်သုံးသည့်နည်းစနစ်များအတိုင်း အခြားကလေးတစ်ယောက်အပေါ် လိုက်လံကျင့်သုံး၍မရ။ လူတိုင်းသိပြီးသောနည်းဖြစ်သည်ဟု ထင်ရသယောင်ယောင်ရှိသော်လည်း တကယ့်တကယ်မှာတော့ မိဘတို့ ပညာရှိသတိဖြစ်ခဲ ဖြစ်နေသည်ကိုသာအတွေ့ရများနေသည်။
မူရင်းစာရေးသူ ဟာရီဒတ်ရှားမားရေးသားပြုစုထားသော How to Shape Your Kids Better ကို ဘာသာပြန်ဆိုထားသော “သင့်ကလေး လူကောင်း – လူတော်ဖြစ်အောင် ပုံဖော်နည်း” စာအုပ်သည် မိဘတိုင်းအတွက် လက်စွဲစာအုပ်တစ်အုပ်အဖြစ် အသုံးတည့်မည်မှာ သေချာပါသည်။
| စာမျက်နှာ | 143 (Burma Paper) |
|---|---|
| စာအုပ်အရွယ်အစား | 6 x 0.3 x 9 inches |
| ပုံနှိပ်မှတ်တမ်း | တူဒေးစာပေ၊ 2020 စက်တင်ဘာလ၊ (ပထမကြိမ်) |
5 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ