ထင်ယောင်မှတ်မှား နတ်ဘုရားလော

( 0 မှတ်ချက်)

12000 (ကျပ်)

ဒီစာအုပ်မှာ စာရေးသူဖြစ်တဲ့ ကမ္ဘာကျော် ဆင့်ကဲဖြစ်စဉ် ဇီ၀ဗေဒ ပညာရှင် ရစ်ချက်ဒေါ့ကင်းစ် (Richard Dawkins) က စကြ၀ဠာကို ဖန်ဆင်းတဲ့ အသိဉာဏ်ရှိ နတ်ဘုရားဆိုတာ မရှိနိုင်ကြောင်းနဲ့ ဒါဟာ သက်သေ မခိုင်လုံတဲ့ စိတ်ကူးယဉ်မှုသက်သက်သာ ဖြစ်ကြောင်း အဓိကတင်ပြထားပါတယ်။ သက်ရှိတွေရဲ့ ရှုတ်ထွေးနက်နဲမှုဟာ ဖန်ဆင်းရှင်ကြောင့် မဟုတ်ဘဲ သဘာ၀ရွေးချယ်မှုဖြစ်စဉ် (Natural Selection) ကြောင့်သာဖြစ်တယ်ဆိုတာကို သိပ္ပံနည်းကျ ရှင်းပြထား ပါတယ်။

လူတစ်ယောက်အနေနဲ့ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့အတွက် ဘာသာရေးအဆုံးအမတွေအပေါ် မှီခိုနေစရာမလိုဘဲ ဆင်ခြင်တုံ တရားနဲ့တင် လုံလောက်ကြောင်း ယခုစာအုပ်မှာ တင်ပြထားပါတယ်။ ဒါ့အပြင် ကလေးသူငယ်တွေကို ငယ်စဉ်ကတည်းက ဘာသာရေး အယူဝါဒတွေ ရိုက်သွင်းတာဟာ သူတို့ရဲ့ လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ပိတ်ပင်တားဆီးရာရောက်တယ်လို့လည်း ပြင်းပြင်းထန်ထန် ဝေဖန် ထားပါတယ်။ ဒီစာအုပ်ဟာ လူသားတွေကို အယူသည်းမှုတွေဆီကနေ ရုန်းထွက်ပြီး သိပ္ပံပညာနဲ့ ဆင်ခြင်တုံတရားရဲ့ အလင်းရောင်ကို ရှာဖွေဖို့ တိုက်တွန်းထားတာပဲ ဖြစ်ပါတယ်။ တချို့ဘာသာတရား တွေဟာ စကြ၀ဠာကို ဖန်ဆင်းတဲ့ ဖန်ဆင်းရှင်နတ်ဘုရားကို မယုံ ကြည်ပေမဲ့ ဘယ်လိုမှ သိပ္ပံနည်းကျ သက်သေပြလို့ မရနိုင်တဲ့ နောင် တမလွန်ဘ၀အပေါ် ယုံကြည်နေကြတာကို တွေ့ရတာကြောင့် ကမ္ဘာ ပေါ်ရှိ ဘာသာတရားအားလုံးဟာ လက်တွေ့သက်သေမပြနိုင်တဲ့ ‘‘အကြွင်းမဲ့ယုံကြည်မှုစနစ်တွေ’’ ချည်းပဲဖြစ်နေတာကို တွေ့ရပါ တယ်။ ဒါ့ကြောင် မျက်မှောက်ခေတ်လူသားများအနေနဲ့ အတိတ်က ပေါ်ထွန်းခဲ့သော အယူအစွဲဥပါဒါန်တွေကြားမှာ ပိတ်မိမနေကြဘဲ ကိုယ်ပိုင်အားမာန်နဲ့ လွတ်လပ်တဲ့ ဆင်ခြင်တုံတရားကို အသုံးချပြီး မိမိနဲ့ မိမိပတ်ဝန်းကျင်က လူ့အဖွဲ့အစည်းဝင်တို့ရဲ့ ဘ၀အသီးသီးကို လက်ရှိအခြေအနေထက် ပိုမိုလှပအောင် ဖန်တီးကြဖို့ နှိုးဆော်တိုက် တွန်းထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

318(woodfree paper)

စာအုပ်အရွယ်အစား

5.3 × 0.5 × 8.2 inches

ပုံနှိပ်မှတ်တမ်း

Future Publishing House ၊ 2026 မတ်လ(ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ထင်ယောင်မှတ်မှား နတ်ဘုရားလော” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဝင်းသိန်းဦး စာအုပ်များ