အသီးအနှံနှင့်လှပကျန်းမာ-၂

( 0 မှတ်ချက်)

8000 (ကျပ်)

ယခုစာအုပ်မှာဆိုရင် သစ်သီးသစ်နှံ နဲ့ ဟင်းသီးဟင်းရွက်မျိုးစုံတို့က အာဟာရဖြစ်စေသလို ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ ကောင်းမွန်တဲ့ အကျိုးကျေးဇူးများ ရရှိစေပါတယ်။ သစ်သီးသစ်နှံများမှာ အာဟာရ နဲ့ အပင်ဓာတ်ပေါင်းများ ပါဝင်နေလို့ ကျန်းမာရေးကောင်းစေရန်အတွက် အစာအာဟာရအဖြစ်၊ ဆေးအဖြစ် အားကိုးအားထား ပြုနိုင်ပါတယ်။ “အစာလည်းဆေး ဆေးလည်းအစာ” ဆိုရိုးစကားရှိပါတယ်။ စားသုံးတတ်သူတွေအတွက်က ဆေးကိုပဲ အားကိုးစရာမလိုပါ၊ အစားအစာကို ဆေးဝါးအဖြစ် သုံးတတ် မှီဝဲတတ်ရင် ဆေးအဖြစ် အကျိုးရှိပါတယ်။ ဆေးဖက်ဝင် သစ်သီးသစ်ဖု ဟင်းရွက်များက စားသုံးတတ်သူအတွက် ကျန်းမာရေးကောင်းစေတဲ့ သဘာဝအော်ဂဲနစ်ဆေးများ ဖြစ်ကြပါတယ်။ အပင်များက ထုတ်လုပ်တဲ့ အပင်ဓာတ်ပေါင်းများ ပါရှိနေမှုကြောင့် သစ်သီး နဲ့ ဟင်းသီးဟင်းရွက်များမှာ နီ၊ လိမ္မော်၊ ဝါ၊ စိမ်း၊ အပြာ၊ မရမ်း စသဖြင့် အရောင်မျိုးစုံခြယ်သထားတဲ့အပြင် အနံ့မျိုးစုံ နဲ့ ချို၊ ချဉ်၊ စပ်၊ ဖန်၊ ခါး၊ စိမ့် စတဲ့ အရသာများလည်း ရရှိစေပါတယ်။ ကျန်းမာရေးအကျိုး ကျေးဇူးရရှိရန်အတွက် အရောင်စုံ၊ အနံ့ နဲ့ အရသာစုံ ရှိတဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်မျိုးစုံ စားပေးသင့်ပါတယ်။ သစ်သီး နဲ့ ဟင်းသီးဟင်းရွက်များကို စားသုံးခြင်းဖြင့် လှပပြီး ကျန်းမာရေးကောင်းစေနိုင်မှာ ဖြစ်ပါတယ်။ ဆရာမကြီးဒေါက်သန်းသန်ရှိန်(ပါမောက္ခ-ငြိမ်း)ကိုယ်တိုင် နှစ်ပေါင်း၄၀ကျော် အသီးအနှံပဲစားသုံးပြီး နေထိုင်လာခဲ့တဲ့ အတွေ့အကြုံတွေကို ရေးသားပြုစုထားတဲ့ စာအုပ်ကောင်းလေးတစ်အုပ်လို့ ဆိုရမှာပါ။

စာမျက်နှာ

191

စာအုပ်အရွယ်အစား

5.2 x 0.3x 8.1 inches

ပုံနှိပ်မှတ်တမ်း

ဆောင်းစုရတီစာပေ၊ 2023 ဒီဇင်ဘာလ(ပထမကြိမ်)

1 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အသီးအနှံနှင့်လှပကျန်းမာ-၂” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒေါက်တာ သန်းသန်းရှိန် စာအုပ်များ