
မြစ်ရေအလျဉ် တသွင်သွင်
5000 (ကျပ်)
ထိုးထွင်းဉာဏ်နှင့် အာရုံဝင်စားမှု၏ ဆရာတစ်ဆူ ပေါ်လိုကိုဟိုး၏ ရွှင်လည်းရွှင်၊ ပြင်းလည်းပြင်းပျ၊ ပုဂ္ဂလဓိဋ္ဌဌာန်လည်းကျ၊ ဓမ္မဓိဋ္ဌဌာန်လည်း ဆန်၊ ဝမ်းနည်းစရာလည်းကောင်း၊ စိတ်ခွန်အားလည်း ဖြစ်စေသည့် အတွေးများနှင့် ထင်ဟပ်ချက်များ။
ပေါ်လိုသည် နိစ္စဓူဝသာမန်ဖြစ်ရပ်များထဲမှ အံ့ဖွယ်အထူးကို ရှာဖွေသူ ဖြစ်သည်။ ပေါင်မုန့်မီးကင်ကလေး ကြမ်းပြင်သို့ ပြုတ်ကျသွားရာ ထောပတ်သုတ်ထားသည့်ဘက်ခြမ်းက အပေါ်ဘက်က ရောက်နေသည် ကစ၍၊ ညဝတ်အင်္ကျီဝတ်လျှက် ဘယ်သူမှ မသိလိုက်ဘဲ နှစ်နှစ်ဆယ် အလွန်က သေဆုံးခဲ့နေသည့် အရိုးစုနှင့် ဘဝ၏ စမ်းသပ်မှုများနှင့် အောင်ပွဲများ၏ သင်္ကတေ သာမန်ခဲတံကလေးမှသည် အခြားသူများက ထိခိုက်နာကျင်စေဖို့ ကြိုးစားလာလျှင်သော်မှ မေတ္တာတရားအတွက် ဖွင့်မြဲဖွင့်ထားဖို့ လိုအပ်ချက်အထိ ဖြစ်သည်။
ပေါ်လိုကိုဟိုးသည် ကမ္ဘာအရပ်ရပ်မှ လူများကို သာမန်ဖြစ်ရပ်များ ကို ကျော်ပြီး အံ့ဖွယ်အထူးကို ကြည့်တတ်၊ မြင်တတ်စေဖို့ လှုံ့ဆော်တိုက် တွန်းနေသည့် စွဲမက်ဖွယ်ကောင်းသော ပုံပြောသူ တစ်ယောက်ပင် ဖြစ်သည်။
| စာမျက်နှာ | 315 |
|---|---|
| စာအုပ်အရွယ်အစား | 5.2 × 0.8× 8.3 inches |
| ပုံနှိပ်မှတ်တမ်း | ပြည်မြန်မာစာပေ၊၊ ၂၀၂၀ ဩဂုတ်လ၊ (ပ-ကြိမ်) |
1 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ