ဘိုးဘပိုင်မြေများနှင့်လယ်ယာမြေဥပဒေဆိုင်ရာပြဿနာများ

( 0 မှတ်ချက်)

12000 (ကျပ်)

၂၀၁၂ လယ်ယာမြေ ဥပဒေ၊ ၂၀၁၂ မြေလွတ်မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေတို့ ပေါ်ထွက်လာပြီးနောက် မြေယာပြဿနာများ ပိုပိုရှုပ်ထွေးလာသည်ကို တွေ့ရသည်။ လယ်ယာမြေ ဥပဒေ၏ မပြည့်စုံမှု၊ ပြဌာန်းချက်အချို့သည် တောင်သူတို့၏ သဘော သဘာ၀နှင့် လိုက်လျောညီထွေ မဖြစ်မှု၊ ဗဟိုအဆင့်မှ လိုအပ်သော ညွှန်ကြားချက်များ ထုတ်ပြန် ရှင်းလင်းမပေးနိုင်မှု၊ လယ်/စီအဖွဲ့ အဆင့်အဆင့်၏ အားနည်းမှု စသည်တို့ကြောင့် လက်ယာမြေ ပြဿနာများ ဖြေရှင်းရာတွင်လည်းကောင်း အခက်အခဲများ ရှိနေသည်ကို မြင်တွေ့နေရပါသည်။ ယခုစာအုပ်တွင် ပါဝင်သော ဆောင်းပါး အများစုသည် လယ်ယာမြေ ဥပဒေ၏ အားနည်းချို့ယွင်းမှုများ၊ ယင်းကြောင့် ဖြစ်ပေါ်နေသော ပြဿနာများကို ဦးတည် ဆွေးနွေး တင်ပြထားပါသည်။

တောင်သူလယ်သမားများအတွက် အထောက်အကူပြုနိုင်စွမ်း နည်းပါးနေသည့်အပြင် ဝန်ထုတ်ဝန်ပိုးများ ပါဝင်နေသော၊ မြေယာစီမံခန့်ခွဲနိုင်ရေးအတွက် အားနည်းချက်များ ပါရှိနေသော ၂၀၁၂ လယ်ယာမြေ ဥပဒေကို ခေတ်စနစ်နှင့် လိုက်လျောညီထွေရှိပြီး တစ်နိုင်ငံလုံးရှိ တောင်သူလယ်သမားများ၏ လယ်ယာမြေလုပ်ခွင့် အခွင့်အရေးများအတွက် အပြည့်အ၀ အာမခံပေးနိုင်သည့် ဥပဒေအဖြစ် ပြင်ဆင်နိုင်ရေး ထည့်သွင်း စဉ်းစားသင့်သည့် အချက်များကို စာရေးသူ ရှုမြင်သည့် ရှုထောင့်မှ မီးမောင်းထိုး တင်ပြထားခြင်း ဖြစ်ပါသည်။

စာမျက်နှာ

273 (Woodfree paper)

စာအုပ်အရွယ်အစား

6 x 0.5 x 8.9 inches

ပုံနှိပ်မှတ်တမ်း

Wisdom House ၊ 2021 ဇန်နဝါရီလ (ဒုတိယအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဘိုးဘပိုင်မြေများနှင့်လယ်ယာမြေဥပဒေဆိုင်ရာပြဿနာများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဦးဇော်မင်း(နတ်မောက်) စာအုပ်များ