မိသားစုငွေကြေးစီမံမှုပညာ

( 0 မှတ်ချက်)

18000 (ကျပ်)

“မိသားစုအတွင်း ငွေကြေးပြဿနာနည်းဖို့နဲ့ ငွေကြေးဆုံးဖြတ်ချက်တွေမှန်ကန်ဖို့ အရေးကြီးဆုံးအချက်က တစ်ဦးနဲ့တစ်ဦး ပွင့်လင်းမြင်သာစွာ ဆွေးနွေးဖို့ပဲဖြစ်ပါတယ်”

တချို့မိသားစုတွေမှာ ဝင်ငွေကောင်းပေမဲ့ လကုန်တိုင်း ငွေမကျန်ဘူး။ တချို့က ဝင်ငွေမများပေမဲ့ အကြွေးမရှိဘူး။ အရေးပေါ်အခြေအနေအတွက် စုငွေရှိတယ်၊ ကလေးတွေရဲ့ ပညာရေးအတွက် အစီအစဉ်ရှိတယ်။ တချို့မိသားစုတွေမှာ ပိုင်ဆိုင်မှုများပေမဲ့ ငွေကြေးကိစ္စကြောင့် မိသားစုဝင်အချင်းချင်း အမြဲပဋိပက္ခဖြစ်နေကြတယ်။ ဒါကြောင့် မိသားစုတစ်စုရဲ့ ငွေကြေးအောင်မြင်မှုကို “ငွေ ဘယ်လောက်ရှိသလဲ” ဆိုတာတစ်ခုတည်းနဲ့ မတိုင်းတာသင့်ဘူး။

ပိုအရေးကြီးတာက ရှိတဲ့ငွေကို ဘယ်လိုစီမံသလဲ။ မမျှော်လင့်ထားတဲ့ အခက်အခဲတစ်ခု ကြုံလာရင် ဘယ်လောက်ခံနိုင်သလဲ။ အကြွေးကို ကိုယ်က ထိန်းထားသလား၊ အကြွေးက ကိုယ့်ဘဝကို ထိန်းထားသလား။ ဒီနေ့သုံးစွဲမှုနဲ့ မနက်ဖြန်လိုအပ်ချက်ကို ဘယ်လိုမျှတအောင် လုပ်ထားသလဲ။ သားသမီးတွေကို ပစ္စည်းဥစ္စာသာ ချန်ထားခဲ့မှာလား၊ ဒါမှမဟုတ် ပစ္စည်းဥစ္စာကို ထိန်းသိမ်းတိုးပွားအောင် စီမံနိုင်တဲ့ အသိပညာကိုပါ လက်ဆင့်ကမ်းခဲ့မှာလား။ ဒါတွေနဲ့ပတ်သက်လို့ အချင်းချင်းကြား ဆွေးနွေးမှုတွေ၊ နားလည်ယုံကြည်မှုတွေ၊အစီအစဉ်ချမှုတွေ အရေးကြီးပါတယ်။

မိသားစု ငွေကြေးစီမံခန့်ခွဲမှုဆိုတာ အသုံးစရိတ်လျှော့ချခြင်း၊ ဒါမှမဟုတ် ဘတ်ဂျက်တစ်စောင်ရေးထားခြင်းလောက်ပဲ မဟုတ်ပါဘူး။ မိသားစုတစ်စုက ဘယ်လိုဘဝမျိုး တည်ဆောက်လိုသလဲ၊ ဘာကို ဦးစားပေးမလဲ၊ ဘယ်လိုအန္တရာယ်တွေကို ကြိုတင်ကာကွယ်မလဲ၊ ဘယ်လိုပိုင်ဆိုင်မှုများ တည်ဆောက်မလဲနဲ့ နောက်မျိုးဆက်ကို ဘာတွေ လက်ဆင့်ကမ်းမလဲဆိုတဲ့ မေးခွန်းတွေကို တစ်ခုတည်းသော ငွေကြေးစနစ်အောက်မှာ ချိတ်ဆက်စဉ်းစားခြင်း ဖြစ်ပါတယ်။

ဒီစာအုပ်မှာ ငွေရှာခြင်း (Making Money)၊ ငွေကိုစီမံခြင်း (Managing Money)၊ ကိုယ်ပိုင်ဆိုင်တဲ့ငွေကြေးဥစ္စာဓနကို ကာကွယ်ခြင်း (Protecting Money)၊ ငွေပွားခြင်း (Growing Money) နဲ့ ချမ်းသာကြွယ်၀မှုကို လက်ဆင့်ကမ်းခြင်း (Transferring Wealth) ဆိုတဲ့ အဆင့်ဆင့်ကို ဆက်စပ်ရေးသားတင်ပြထားပါတယ်။ ကိုယ့်မိသားစုအတွက် ငွေကြေးစနစ်တစ်ခုတည်ဆောက်ချင်သူတိုင်း ဖတ်သင့်တဲ့စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

168 (Woodfree Paper)

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

စာပေလမ်း 2026 အောက်တိုဘာလ (ပထမအကြိမ်)

19 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“မိသားစုငွေကြေးစီမံမှုပညာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကိုသန့် (Wheel-turning) စာအုပ်များ