ရက္ခအတု အက်ဆေးအတု မော်ဒန်အတု

( 0 မှတ်ချက်)

5000 (ကျပ်)

ဒီထက်ပို စစ် ချင်လို့
ဒီထက်ပို အတု ဖြစ်လိုက်တယ်
ရက္ခ အတု ဖြစ်ခဲ့တယ်။

ဒီကမ္ဘာပေါ်ကလူသားတိုင်း အစစ်အမှန်တွေကိုပဲ လိုချင်တပ်မက်ကြမှာသေချာပါတယ်။ ဘယ်သူကမွ အတုတွေကို လိုချင်ကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ချာလီချက်ပလင်အတုပြိုင်ပွဲ  ကို လူမသိအောင်ဝင်ပြိုင်ခဲ့တဲ့ ချာလီချက်ပလင် အစစ် ဟာ အတုပြိုင်ပွဲမှာ တတိယဆု နဲ့ ကျေနပ်လိုက်ရပါသတဲ့။ ဒါက ဟာသဆန်တဲ့ပြောစကားတစ်ခုပါ။ ဒီလိုပဲ အနုပညာကို လွတ်လပ်ကျယ်ပြန့်သလောက် မရှုမြင် မခံစားတတ်သူတချို့အတွက် ဒီ စာရေးသူနဲ့ ဒီစာပေဟာ အတုဖြစ်ပါလိမ့်မယ်။

ဒီစာအုပ်ထဲမှာ စကားပြေနဲ့ ခေတ်ပေါ်မော်ဒန်အက်ဆေး ၂၃ ပုဒ်ပါဝင်ပါတယ်။ စာရေးသူက ရခိုင်လူမျိူးတစ်ယောက်ဖြစ်တဲ့အတွက် ရခိုင်ဘာသာနဲ့ရေးထားတဲ့ အက်ဆေး (၅) ပုဒ်ပါဝင်ပါတယ်။

ဒီစာအုပ်လေးကိုဖတ်တဲ့အခါ အနုပညာကျယ်ပြန့်သလောက်ရွက်လွှင့်မယ့် စိတ်လွှတ်ပြင်ထဲမှာ ကိုယ်တိုင် ရောက်ရှိပြီး ခံစားနိုင်ဖို့ ပြောလိုပါတယ်။

ဘယ်လိုအတုမျိုးတွေလဲဆိုတာကို ခံစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါရစေ။

ဒီစာအုပ်ရဲ့ မျက်နှာဖုံးပန်းချီက ဗင်းဆင့်ဗန်းဂိုး ရဲ့ ကမ္ဘာကျော် Starry Night ပန်းချီကားဖြစ်ပြီးတော့ အဲဒါကို စာရေးသူ ရက္ခ က ပြန်လည်ခံစား ရေးဆွဲထားပါတယ်။

စာမျက်နှာ

191

စာအုပ်အရွယ်အစား

5.8 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ခုနစ်စင်ကြယ်စာပေ 2023 ဇူလိုင်လ (ပထမအကြိမ်)

14 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ရက္ခအတု အက်ဆေးအတု မော်ဒန်အတု” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ရက္ခ စာအုပ်များ