စွမ်းအင်စုပ်ယူသူများ

( 0 မှတ်ချက်)

14000 (ကျပ်)

လူတစ်ယောက်နဲ့ ပြောဆိုဆက်ဆံအပြီးမှာ ကိုယ့်ရဲ့ Energy ခွန်အားတွေ အကုန်စုပ်ယူခံလိုက်ရသလို၊ စိတ်တွေ မွန်းကျပ်ပြီး ပင်ပန်းသွားသလိုမျိုး ခံစားဖူးပါသလား?

“နာကျင်နေတဲ့သူတွေဟာ အခြားသူတွေကိုပါ နာကျင်စေတတ်တယ် (Hurt people hurt others)” ဆိုတဲ့ လူကြီးသူမတွေရဲ့ စကားဟာ ဒီနေ့ခေတ်မှာ ပိုပြီးတော့တောင် မှန်ကန်လာနေပါပြီ။ ကျွန်တော်တို့ နေထိုင်နေတဲ့ ဒီကမ္ဘာကြီးထဲမှာ စိတ်ဒဏ်ရာအမျိုးမျိုးနဲ့ နေ့စဉ်ရုန်းကန်နေရတဲ့သူတွေ အများကြီးရှိပါတယ်။

ပြဿနာက ဘာလဲဆိုရင်… တချို့သူတွေဟာ သူတို့ရဲ့ စိတ်ဒဏ်ရာတွေကို ကိုယ်တိုင်ကုစားနိုင်စွမ်း မရှိတော့တဲ့အခါ၊ သူတို့လိုအပ်နေတဲ့ စိတ်ခွန်အားကို အခြားသူတွေဆီကနေ နည်းလမ်းပေါင်းစုံနဲ့ အတင်းရယူဖို့ ကြိုးစားလာကြပါတယ်။ သူတို့ကို Energy Vampires (စွမ်းအင်စုပ်ယူသူများ) လို့ ခေါ်ပါတယ်။

ဒီလို Toxic ဖြစ်တဲ့ ဆက်ဆံရေးတွေကနေ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်မလဲ?
ဆရာသုခကျော် ဘာသာပြန်ဆိုထားတဲ့ “Energy Vampire (စွမ်းအင်စုပ်ယူသူများ)” စာအုပ်မှာ အဖြေရှိပါတယ်။

ဒီစာအုပ်ထဲမှာ ဘာတွေလေ့လာသိရှိနိုင်မလဲ?
===
Energy Vampire တွေရဲ့ သရုပ်မှန် – သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အလုပ်လုပ်ပုံတွေနဲ့ အခြားသူတွေဆီက စွမ်းအင်တွေကို ခိုးယူဖို့ သုံးတတ်တဲ့ လှည့်ကွက်၊ နည်းပရိယာယ်များကို စနစ်တကျ ဖော်ထုတ်ထားပါတယ်။ကိုယ့်ကိုယ်ကိုယ်သာ ဗဟိုပြုတဲ့ အလွန်အတ္တဆန်သူ (Narcissist) တွေကြောင့် လူတစ်ယောက်ချင်းစီနဲ့ လူ့အသိုင်းအဝိုင်းတစ်ခုလုံး ဘယ်လောက်အထိ ထိခိုက်နစ်နာရသလဲ ဆိုတာကို သုတေသနပြု တင်ပြထားပါတယ်။

Energy Vampire တွေရဲ့ လွှမ်းမိုးခြယ်လှယ်မှုအောက်ကို မရောက်သွားအောင်၊ ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ စိတ်ခွန်အားတွေကို အစုပ်ယူမခံရအောင် တားဆီးကာကွယ်ရမယ့် လက်တွေ့ကျ နည်းလမ်းကောင်းများကို အသေးစိတ် မျှဝေပေးထားပါတယ်။ ကိုယ့်ရဲ့ စိတ်ချမ်းသာမှု၊ ကိုယ့်ရဲ့ အချိန်နဲ့ ကိုယ့်ရဲ့ စွမ်းအင်တွေကို တန်ဖိုးထားသူတိုင်း… ပတ်ဝန်းကျင်က စွမ်းအင်စုပ်ယူသူတွေရဲ့ သားကောင်အဖြစ်ကနေ လွတ်မြောက်ချင်သူတိုင်း မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်း တစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

143 (Woodfree Paper)

စာအုပ်အရွယ်အစား

5.6 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

ဉာဏ Publishing House၊ 2026 ဧပြီလ (ပထမအကြိမ်)

8 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စွမ်းအင်စုပ်ယူသူများ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သုခကျော် စာအုပ်များ