
အီဂျစ်ဘုရင်မာယာရှင်
5000 (ကျပ်)
ဤ၀တ္ထုတွင် ကျွန်တော်တို့၏ဇာတ်လိုက် ဟားမားကစ်သည် ဘာသာရေး သာသနာရေး၌ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သော်ငြားလည်း မိန်းမတို့၏ ပရိယာယ်အဖြာဖြာ မာယာတစ်သိန်း အပလိန်း အနန္တတို့ကို မသိနားမလည်သဖြင့် အီဂျစ်ပြည်အားလုံးကို နိုင်ငံခြားသားများ၏ ဖိနှိပ်ခြင်းဘေးမှ ကင်းဝေးအောင် ကြံဆောင်သော အရေးတော်ပုံကြီး ဆုံးရှုံးပျက်ပြားရသည့် သင်ခန်းစာ၊ ဥပဒေသပင် ဖြစ်ပါသည်။
တိုင်းပြည်အုပ်ချုပ် မင်းလုပ်မည့် ပုဂ္ဂိုလ်တစ်စုံတစ်ယောက်သည် အတတ်မျိုးစုံ ကုံလုံရင့်ထွား စွယ်စုံသမားဖြစ်ပါမှ တိုင်းပြည်တစ်ခွင် စည်ပင်၀ပြော သာယာသောအဖြစ်ကိုရနိုင်ကြောင်း ကောင်းမြတ်သောစေတနာနှင့် တင်ပြထားသော စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 351 |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.5x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဆုပြည့်စုံထွန်းစာပေ၊ 2019ဒီဇင်ဘာလ၊ (တ-ကြိမ်) |
Out of stock


အမည်မသိ –
ဒီစာအုပ်ကို ၁၆ နှစ်လောက်အရွယ်က ဆယ်တန်းဖြေပြီးချိန်မှာ အိပ်ရေးပျက်ခံပြီးကို ဖတ်လိုက်ရတယ်.. လုံးဝကို လက်ကချမရအောင် ဖတ်ပြီး သူငယ်ချင်းတွေကို ပြန်ပြောပြတော့လဲ သူတို့လဲ ကောင်းလွန်းလို့ နားထောင်တာ ထမင်းတောင် မစားနိုင်ရှာဘူး… ခုချိန် လူကြီးပြန်ဖတ်ဖြစ်ရင် ဘယ်လိုနေမလဲမသိဘူး…