စီးပွားရေးကို ဘယ်လိုစတင်ရမှာလဲ

( 0 မှတ်ချက်)

9000 (ကျပ်)

စီးပွားရေးလုပ်တယ်ဆိုတာ အသက်အရွယ်တစ်ခုရောက်မှ၊ အချိန်ကာလ ကောင်းမှ၊ အရင်းအနှီးနဲ့ ဝမ်းစာပြည့်နေမှ လုပ်ရမှာမျိုး မဟုတ်ပါဘူး။ အဓိက အချက်က ကိုယ့်စိတ်မှာ လုပ်ချင်စိတ်ပြင်းပြလာပြီဆိုရင် စတင်လို့ ရပါတယ်။
ဘဝဆိုတဲ့ အချိန်ကာလဟာ တိုတောင်းလွန်းလှပါတယ်။ လူ့ဘဝ အချိန်ခဏလေးအတွင်းမှာ ပညာတွေချည်း သင်ယူပြီးမှ စီးပွားရေးလုပ်မယ်ဆိုရင် အရာရာမှာ နှောင့်နှေးသွားနိုင်ပါတယ်။ ဒီနေ့ခေတ်ထဲမှာ ပညာတွေ သင်ရင်းစီးပွားရေးကိုပါ တွဲလုပ်လို့ ရနေပါပြီ။ ဝန်ထမ်းဘဝကို ရောက်ရှိနေပြီး လက်ရှိဘဝက ပျော်စရာအနေအထားတစ်ခု ဖြစ်မနေခဲ့ဘူးဆိုရင်လည်း ဒါဟာ ဝမ်းနည်းစရာတော့ မဟုတ်ပါဘူး။ရောက်နေတဲ့ အနေအထားကနေ တိုးတက်အောင်မြင်ဖို့ စီးပွားရေးကို ဝန်ထမ်းအလုပ်တစ်ဖက်နဲ့ တွဲလုပ်လို့ ရနိုင်ပါတယ်။ ဝင်ငွေလမ်းကြောင်းတစ်ခုတည်းအပေါ်မှာ ရပ်တည်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ရလာတဲ့ဘဝမှာ ကြိုးစားရုန်းကန်မှုမရှိဘဲ အချိန်တွေ ကုန်ဆုံးသွားမှာ နှမြောစရာ ကောင်းလှပါတယ်။ကိုယ့်အနေနဲ့ စီးပွားရေးကို ဘယ်လိုစတင်ရမယ်မှန်း မသိသေးဘူးဆိုရင်၊ ကြိုးစားမှုကို ဘယ်လိုအရှိန်တင်ရမယ်မှန်း မသိသေးဘူးဆိုရင် ဒီစာအုပ်လေးကို ဖတ်ကြည့်သင့်ပါတယ်။

စာမျက်နှာ

110

စာအုပ်အရွယ်အစား

5.5 x 0.5 x 8.4 inches (Hard Cover)

ပုံနှိပ်မှတ်တမ်း

မိုးကောင်းမြေစာပေ၊ 2024 ဧပြီလ (ပထမအကြိမ်)

20 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“စီးပွားရေးကို ဘယ်လိုစတင်ရမှာလဲ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

မျိုးကျော်ဦး(ချယ်ရီစံ) စာအုပ်များ