ဒူဘိုင်းသို့ မိုင်ပေါင်းများစွာ
8000 (ကျပ်)
ကြည့်ပါဦးလေ…အညွန့်ခူးစားလို့ ကျန်တဲ့
ကန်စွန်းရိုးလေးတွေတောင်
မြေမရှိ၊ နေမထိ၊ လေမသိဘဲ
ကြွေခွက်ထဲက ရေနည်းနည်းလေးထဲ
အညွန့်၊အတက်ထွက် ရှင်သန်လာခဲ့တယ်နော်..။
လူသားတွေဖြစ်ကြတဲ့ တို့တစ်တွေအားလုံးကရော
တိုက်ပိတ်ခံထားရတဲ့ ဒီဆယ်လွှာတိုက်ခန်းထဲကနေ
လွတ်မြောက်အောင် ကြိုးစားလို့မရနိုင်ဘူးတဲ့လား..။
2022 တွင် စာရေးသူကိုယ်တိုင် ဒူဘိုင်းမြို့သို့ သွားရောက်အလုပ်လုပ်ကိုင်စဉ် ကြုံတွေ့သိမှတ်ခဲ့ရသည့် အကြောင်းအရာများကို ဝတ္ထုအနေဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။
ဒီစာအုပ်လေးထဲမှာ ဒူဘိုင်းသို့ အိမ်အကူအနေဖြင့် သွားရောက်မည့်သူများအတွက် မသွားခင်မှာ သိထားသင့်သည့် ဆောင်ရန် ရှောင်ရန် ကိစ္စအဝဝ၊ ဒူဘိုင်းရောက်ပြီးချိန်မှာ ကြုံတွေ့ရမည့် ပြဿနာအရပ်ရပ်ကို ထည့်သွင်းရေးသားထားပါသည်။
အထူးသဖြင့် ဒူဘိုင်းမှာ မြန်မာနိုင်ငံဆိုင်ရာ သံရုံးမရှိတဲ့အတွက် (တိုင်ကြားစရာနေရာမရှိပေမယ့်) မြန်မာနိုင်ငံသားတွေအနေနဲ့ ရေခြားမြေခြားမှာ အနိုင်ကျင့်ခံဖို့ အရှုံးပေးဖို့မလိုကြောင်း၊ passport စာအုပ်နဲ့ လက်ကိုင်ဖုန်းတွေ အသိမ်းခံထားရတာတောင် “ကိုယ်သာလျှင် အရှင်ဖြစ်ပေ” စိတ်ဓာတ်နဲ့ လွတ်မြောက်အောင် ကြိုးစားလို့ရနိုင်ကြောင်း နည်းလမ်းတွေလည်း ထည့်သွင်းရေးသားထားပါသည်။
| စာမျက်နှာ | ၂၀၆ |
|---|---|
| စာအုပ်အရွယ်အစား | 5.2x 0.4 x8.2 inches |
| ပုံနှိပ်မှတ်တမ်း | အမြွှာညီနောင်၊ 2023 ဒီဇင်ဘာလ (ပ-ကြိမ်) |
2 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ