
စိတ်ညစ်ရမယ့်စကားများ မပြောပါနဲ့လား
6000 (ကျပ်)
ဝေယျာဝစ္စကုသိုလ်လုပ်တယ်ဆိုတာ သစ်ပင်စိုက်သလိုပါပဲ၊ ကုသိုလ်မျိုးစေ့ချတဲ့ သဘောပါပဲ။ သစ်ပင်ပေါက်ဖို့ မျိုးစေ့ချတဲ့အခါ ပေါက်ချင်လည်း ပေါက်မယ်၊ မပေါက်ချင်လည်း မပေါက်ဘူး၊ ပေါက်ပေမယ့်လည်း ပေါက်မယ်၊ မပေါက်ချင်လည်း မပေါက်ဘူး၊ ပေါက်ပေမယ့်လည်း ညောင်နာနာ သေးသေးကွေးကွေးလေးလည်း ဖြစ်ချင် ဖြစ်နေမှာပါ။ ဒါမှ မဟုတ် ထွားထွားကျိုင်းကျိုင်း ဝေဝေဆာဆာ သတ္တဝါ အားလုံးကို အေးချမ်းမှုပေးနိုင်တဲ့ ကျေနပ်စရာ အပင်ကြီးလည်း ဖြစ်ချင်ဖြစ်လာမှာပါ။ စိုက်ပျိုးသူရဲ့ ကျွမ်းကျင်မှုနဲ့ သဘာဝ ရာသီဥတု အပေါ်မှာလည်း မူတည်နေပါတယ်။
ကိုယ်က စာပေဗဟုသုတရှိထားသူတစ်ယောက်အနေနဲ့ ကိုယ့်ဝေယျာဝစ္စကုသိုလ်လေးကို စိတ်စေတနာထားပြီး ပျော်ပျော်ရွှင်ရွှင် ပြုံးပြုံးပြုံးပြုံးနဲ့ လုပ်သွားမယ်ဆိုရင်တော့ နောက်ဘဝကျရင် ကောင်းကျိုးဝေဖြာနေတဲ့ ကျေနပ်စရာဘဝတစ်ခုပိုင်ရှင် ဖြစ်နေတော့မှာပါ။
ဒီစာအုပ်ဟာ News Watch စောင့်ကြည့်သတင်းဂျာနယ်နှင့် စံတော်ချိန်သတင်းစာတွင် ဖော်ပြခဲ့သော ဓမ္မဆောင်းပါးများ ကို စုစည်းဖော်ပြထားခြင်းဖြစ်ပါတယ်။
| စာမျက်နှာ | 160 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 × 0.3 × 7.3 inches |
| ပုံနှိပ်မှတ်တမ်း | New Day စာအုပ်တိုက် ၊ 2018 စက်တင်ဘာလ (ပထမအကြိမ်) |
6 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ