ပျော်ချင်ယောင် မဆောင်နဲ့

( 0 မှတ်ချက်)

8500 (ကျပ်)

ဒီစာအုပ်က ကျွန်တော်တို့ဘဝရဲ့ အရေးအကြီးဆုံး အညှာ၊ တစ်နည်းအားဖြင့်.. ဘဝမှာ မရှိမဖြစ်၊ ရှင်သန်ရေးအတွက် အခရာကျ၊ အဓိကပစ်မှတ်ဖြစ်တဲ့ ပျော်ရွှင်မှုအကြောင်းကို ဇောင်းပေး,ရေးထားတဲ့ စာအုပ်တစ်အုပ်ပါ။
အထူးသဖြင့် ပျော်ရွှင်မှုဆိုတာထက် ကျွန်တော်တို့လူသားတွေရဲ့ မပျော်ရွှင်ရခြင်းအကြောင်းကို အသာပေး ရေးထားတဲ့ စာအုပ်လို့ပြောရင် ပိုမှန်ပါလိမ့်မယ်။ လူတွေကို ပျော်ရွှင်ဖို့ တွန်းအားပေးနေတဲ့ မော်တီဗေးရှင်းတွေကို သရော်ထားတဲ့စာအုပ်မျိုးဆိုရင်လည်း မှန်ပါလိမ့်မယ်။
အကြောင်းအရာ အများစုကို အနှစ်ချုပ်လိုက်ရင် –
◾ဘာလို့ လူတွေဟာ မပျော်ရွှင်ကြတာလဲ
◾တကယ်လဲ မပျော်ဘဲ ဘာလို့ဟန်ဆောင်နေရတာလဲ
◾ပျော်ရွှင်မှုက ဘာလို့ တာရှည်မခံတာလဲ
◾ဘယ်အရာတွေကြောင့် လူတွေ မပျော်ကြတာလဲ
◾ပျော်ရွှင်မှုအတုကို ဘာလို့ အစစ်ထင်ကြတာလဲ
စတဲ့ မပျော်ရခြင်း အရင်းအမြစ်၊ ခေတ်မကောင်းတဲ့အချိန်မှာ သဏ္ဍာန်လုပ် သရုပ်ဆောင်ပြီး ကျောက်ရုပ်လို နေနေရတဲ့ ကျွန်တော်တို့ရဲ့ စိတ်အခြေအနေ၊ ဟန်ဆောင်ပြီးပြုံးနေရပေမဲ့ ကိုယ့်ရင်ထဲမှာကျ အမှန်တကယ် မပျော်ရွှင်နေရတဲ့ အဖြစ်တွေကို တရင်းတနှီး ပြောပြထားတဲ့စာအုပ်ပါ။
စိတ်ပင်ပန်းတဲ့အချိန်၊ အမှောင်မိုက်မှာ လောင်မြိုက်နေရတဲ့အချိန်မှာ ဖတ်လို့ကောင်းအောင်၊ ခေတ်စနစ်ကို လိုက်ပြီး သူ့ Flow နဲ့သူ နေတတ်အောင်.. သူများရဲ့ Life style ကို ကြည့်ပြီး ကိုယ့်ပျော်ရွှင်မှုနဲ့ မတိုင်းတာတတ်အောင် ဒီစာအုပ်လေးက အဖော်ပြုပြီး ရင်ဘတ်ငှားပေးပါလိမ့်မယ်။
အနည်းဆုံး ဒီစာအုပ်ကို ဖတ်ပြီးသွားတဲ့အခါ.. လုံးဝဥဿုံ ပျော်စေရမယ်လို့ စာရေးသူက ရိုးသားစွာ အာမ,မခံနိုင်ပေမဲ့ ဒီအခြေအနေဆိုး၊ ခေတ်ဆိုး၊ စနစ်ဆိုးထဲမှာ –
💙 ဘယ်လိုနည်းနဲ့ စိတ်သက်သာရာအောင်၊
💙 ဘယ်လိုနည်းနဲ့ ရင်လှိုက်သည်းလှိုက် နွေးထွေးအောင်
💙 အဆိုးလောကဓံနဲ့ ဆုံတဲ့အခါ ပြာယာမခတ်နေအောင်
ဒီစာအုပ်က.. ရင်ဘတ်ချင်း.. မျှဝေခံစား အကြံပေးနိုင်မယ့်စာအုပ် ဖြစ်နိုင်မယ်လို့ မျှော်လင့်တယ်။
ဒီစာအုပ်ထဲမှာ ပါတဲ့ အကြောင်းအရာအများစုက လူတွေ မပျော်ရခြင်း အကြောင်းအရင်းကို စိတ်ပညာရှုထောင့်ကနေ လေးလေးနက်နက် သုံးသပ်တင်ပြထားပါတယ်။

စာမျက်နှာ

160

စာအုပ်အရွယ်အစား

5.6× 0.3×8.2 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်၊ 2024 စက်တင်ဘာလ (ပထမအကြိမ်)

7 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ပျော်ချင်ယောင် မဆောင်နဲ့” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဘုန်းမောင်ဦး စာအုပ်များ