ကြာလည်းမမေ့ခဲ့ပါ
12000 (ကျပ်)
လောကမှာ လူတစ်ယောက်ကို နှစ်တွေကြာသွားသည့်တိုင် စိတ်နှလုံးသားထဲက စွဲစွဲမြဲမြဲ မေ့မရအောင် လုပ်ဆောင်နိုင်တဲ့အရာဟာ ဘာလဲလို့ မေးရင် သင်ဘယ်လိုဖြေမလဲ…?
“သူ့ရဲ့စိတ်နေစိတ်ထားနဲ့ ချစ်ခြင်းမေတ္တာ”ဆိုရင်ရော သင် ဘယ်လိုမြင်မလဲ..
– မင်းရသဟာ အမျိုးသမီး သုံးဦးကြား ဗျာများရင်း သူ့ဘဝကို အောင်မြင်အောင် မတည်ဆောက်နိုင်တဲ့အခါ…
– သံစဥ်ဟာ သူ့ရဲ့အတ္တကို ရှေ့တန်းတင်ရင်း ချစ်ရတဲ့အမျိုးသားကို ရယူပိုင်ဆိုင်လိုသောအခါ…
– မြယမုံဟာ ပေးဆပ်ချစ်နဲ့ လင်ယောကျ်ားကို ဖြည့်ဆည်းပေးပေမယ့်လည်း အချစ်ဆိုတဲ့အရာကို
ရှာဖွေမိသောအခါ…
– မိခင်တစ်ယောက်က သားတစ်ယောက်ကို ကောင်းစေလွန်ပြီး ချစ်ခြင်းမေတ္တာ သိမ်မွေ့ခြင်းတွေ ပျောက်ဆုံးနေသောအခါ…
လူသားလေးယောက်ရဲ့ဘဝတွေဟာ ဘယ်လိုလှုပ်ခတ်သွားနိုင်မလဲ…?
ကိုယ့်လင်ယောကျ်ားကို ဘယ်လိုချစ်ခင်ရမလဲဆိုတာကို သိချင်ရင် ဒီဝတ္ထုကို ဖတ်ပါ….
အမျိုးသားတွေလည်း ကိုယ့်ရဲ့တွေဝေမှု၊ မပြတ်သားမှုတွေက ကိုယ့်ပတ်ဝန်းကျင်ကို ဘယ်လိုထိခိုက်စေလဲဆိုတာ သိချင်ရင် … လူတစ်ယောက်ကို ချစ်ခြင်းမေတ္တာနဲ့ ဘယ်လိုထိန်းကျောင်းရမလဲဆိုတာ သိချင်ရင် ဒီဝတ္ထုကိုဖတ်ပါ…
မိခင်တွေဟာ သားတွေရဲ့ စိတ်ချမ်းသာမှုအတွက် ကိုယ့်အတ္တကို ရှေ့တန်းမတင်ဖို့ ဒီဝတ္ထုကိုဖတ်ပါ…
လောကမှာ ချစ်ခြင်းမေတ္တာသာလျှင် အောင်နိုင်သူဖြစ်နေစမြဲပါ…
| စာမျက်နှာ | 205(woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ၊ 2025 အောက်တိုဘာလ (ပထမအကြိမ်) |
14 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ