DISORDER

( 0 မှတ်ချက်)

4000 (ကျပ်)

အတွေးနဲ့အရေး ဆန်းသစ်တဲ့ ခါမြေရဲ့ စကားပြေတွေ ဖြစ်ပါတယ်။ကလောင်ကို ထိန်းချုပ်မထား၊နှောင်ကြိုးတင်းမထားဘဲ စိတ်ထဲရှိသလို လက်ကို ခွင့်ပြုထားတဲ့အတွက် ဖတ်ရတာလည်း လွတ်လပ်မှုအပြည့်အဝ ရပါလိမ့်မယ်။”မုဆိုးမတစ်ယောက်အကြောင်း ဝတ္ထုတစ်ပုဒ်”ဟာ အပြင်လောကမှာ ဖြစ်နေပျက်နေကြ သဘာဝတစ်ခုလို့ ပြောနိုင်ပေမဲ့ လူတွေက သိပ်ပြီး မပြောရဲ မဆိုရဲ မတို့ထိရဲကြပါဘူး။ အဲဒါကိုလည်း ခါမြေ က အောက်ပါအတိုင်း ခပ်ရဲရဲ ရေးပြထားပါတယ်။”ခပ်ရိုင်းရိုင်းဆိုရရင် ကျွန်တော့်အနေနဲ့ကလည်း မုဆိုးမတစ်ယောက်နဲ့ အလုပ်သဘောအရ ချစ်ကြိုက်ကြည့်ဖို့ ကြိုးစားကြည့်ချင်စိတ် ဖြစ်နေတာကြာပြီ။ ဝတ္ထုအတွက် ကုန်ကြမ်းသဘောမျိုးလို့ ဆိုချင်လည်းဆိုပေါ့။ သူလည်းလိုတာရ၊ကိုယ်လည်းလိုတာရ နှစ်ဦးနှစ်ဖက် အဆင်ပြေတဲ့ ဆက်ဆံရေးမျိုး……..”တစ်ပုဒ်ကို အရသာ တစ်မျိုးစီပေးမယ့် အတွေးရဲရဲ အရေးရဲရဲ ဝတ္ထုတို (၁၂)ပုဒ်ကိုဖတ်ရမှာပါ။

စာမျက်နှာ

105

စာအုပ်အရွယ်အစား

5.4 x 0.3 x 8.2 inches

ပုံနှိပ်မှတ်တမ်း

အိပ်မက်အသစ်စာပေ ၊ 2022 နိုဝင်ဘာလ (ပထမအကြိမ်)

2 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“DISORDER” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

Your email address will not be published. Required fields are marked *

ခါမြေ စာအုပ်များ