ဓမ္မပဒ

( 0 မှတ်ချက်)

7000 (ကျပ်)

ဗုဒ္ဓစာပေလောကတွင် အလုံးစုံတို့ထက် ထင်ရှားကျော်ကြား၍ လူကြိုက်များသော ကျမ်းမှာ ဓမ္မပဒ ဖြစ်၏။  ကမ္ဘာပေါ်ရှိ ယဉ်ကျေးသော ဘာသာတိုင်းတွင် ဘာသာပြန်ဆိုပြီးဖြစ်၏။ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါက အမျိုးမျိုးသော တပည့်သားတို့အား ညွှန်ကြားဆုံးမတော်မူခဲ့သော ဂါထာတို့ဖြစ်၍ ဩဝါဒကထာ သင်ခန်းစာတို့ဖြင့် လွှမ်းဖုံးနေ၏။ ဒေါက်တာ ကသီယပ်အေပရဲရာဆိုသူ ပုဂ္ဂိုလ်ကျော်က ဤသို့ ထုတ်ဖော်ပြောပြသည်။

ပိဋကတ်သုံးပုံထဲမှ စာအုပ်တစ်အုပ်၏ အမည်ကို ပြောစမ်းပါဟု ဆိုလာလျှင် အထစ်အငေါ့မရှိဘဲ ဓမ္မပဒကို ညွန်ပြလိုက်မည်။ အကြောင်းကား ယင်းသည် စာပေလောကတွင် တစ်ခုတည်းသော အကောင်းဆုံးစာအုပ်ဖြစ်၍ အကျွန်ုပ်အား အထူးကျေးဇူးများသောကြောင့် ဖြစ်သည်။ နှစ်ပေါင်းလေးဆယ်ကျော်အတွင်း ကံမကောင်း အကြောင်းမသင့်၍ စိတ်နှလုံးပူပန် ဆင်းရဲခြင်း ဖြစ်သည့်အခါတိုင်း သူသည် ကျွန်ုပ်အား သစ္စာရှိသော မိတ်ဆွေကောင်းတစ်ယောက် အဖြစ်ဖြင့် ဖြေဖျော်ခဲ့ပါသည်။ မနှိုင်းယှဉ်နိုင်လောက်အောင် လှပသော ဂါထာတို့သည် အကြံဉာဏ်ပေးရန်အတွက် ဖြစ်စေ၊ အမျိုးမျိုးသော ဆင်းရဲဒုက္ခတို့မှ လျော့ပါး သက်သာစေရန်ဖြစ်စေ၊ ဂုဏ်သတင်းပျံ့သင်းကျော်စောရန်ဖြစ်စေ၊ ထိုးထွင်း သိမြင်ရန်ဖြစ်စေ ဘယ်ဘက်ကမှ အချည်းနှီးသက်သက် မဖြစ်ချေ။ တစ်ခုခုအတွက် အကျိုးသက်ရောက်သည်သာ တည်း။

လောကရဲ့ ဆင်းရဲဒုက္ခတွေကို ကျော်ဖြတ်ဖို့ စိတ်ခွန်အားတွေ တိုးပွားစေဖို့အတွက် ရှိထားသင့်တဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

စာမျက်နှာ

206(Woodfree Paper)

စာအုပ်အရွယ်အစား

5.2 x 0.4 x 7.5 inches

ပုံနှိပ်မှတ်တမ်း

စိတ်ကူးချိုချိုစာပေ၊ 2016 နိုဝင်ဘာလ (ပထမအကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ဓမ္မပဒ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဦးသော်ဇင် စာအုပ်များ