ဒီမိုကရေစီကို မူကြိုကျောင်းကစချင်တယ်
4000 (ကျပ်)
စာရေးသူအမှာကောက်နှုတ်ချက်…
ကလေးတွေဟာ တိုင်းပြည်အနာဂတ်၊ ကလေးတွေဟာ တိုင်းပြည်ရဲ့ ကြယ်ပွင့်တွေဆိုတဲ့ စကားကို ကျွန်မတို့ယုံကြည်စွာနဲ့ လက်ခံထားတာလား၊ သူများပြောလို့ ဟန်ဆောင်လိုက်ပြောနေကြတာလားဆိုတာ အလေးအနက် စဉ်းစားဖို့ လိုပါပြီ။ ဆယ်စုနှစ်ပေါင်းများစွာ ဖျက်ဆီးခံခဲ့ရတဲ့၊ ပျက်စီးခဲ့ရတဲ့ လူ့အဖွဲ့အစည်းမှာ အမွေကျန်ရစ်ခဲ့တဲ့ အာဂတတရားတွေ၊ မုန်းတီးမှုတွေ၊ မနာလိုဝန်တိုမှုတွေ၊ အတ္တကြီးမှုတွေ စတဲ့ မကောင်းကျိုးတွေကို မျိုးဆက်သစ်ကလေးတွေကို အမွေဆက်မပေးသင့်တော့ပါဘူး။ ခေါက်ရိုးကျိုးနေတဲ့ ကျွန်မတို့ လူကြီးတွေအနေနဲ့ အနာဂတ်နိုင်ငံတော်သစ်အတွက် မျိုးဆက်သစ်ကလေးတွေအတွက် တစ်စုံတရာ လက်တွေ့လုပ်ပြဖို့ လိုပါပြီ။ ကျွန်မတို့တတွေ မခံစားခဲ့ရတဲ့၊ မခံစားရသေးတဲ့ ဒီမိုကရေစီကို ကလေးတွေအနာဂတ် မျိုးဆက်သစ်လေးတွေ အပြည့်အ၀ စနစ်တကျ ခံစားနည်းလည်နိုင်အောင် ဒီမိုကရေစီကို မူကြိုက စနိုင်ဖို့ အားလုံးတက်ညီ လက်ညီ ကြိုးစားကြပါစို့လားရှင်။
စာမျက်နှာ | 178 |
---|---|
စာအုပ်အရွယ်အစား | 5.4 x 0.4 x 8.1 inches |
ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2016 ဖေဖော်ဝါရီလ (ပ-ကြိမ်) |
2 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ