ညဉ့်ဦးယံဒီပြန်တက်ပါလိမ့်
5000 (ကျပ်)
ဒီဝတ္ထု က * ဆရာ နွမ်ဂျာသိုင်း * ရဲ့အောင်မြင်လှတဲ့ စာပေလက်ရာများစွာထဲကတစ်ခုပါ ။ ဒီစာအုပ်က ဆရာဇော်ဂျီရဲ့ * ဗေဒါလမ်း *ကဗျာ ကို အခြေခံပြီး ဖွဲ့သီထားတဲ့ ဝတ္ထု တစ်ပုဒ်လို့ ဆိုရပါမယ်။မန္တလေးတက္ကသိုလ်မှာ တာဝန်ကျတဲ့ နည်းပြဆရာ၊ ဧရာဝတီတိုင်းသားလေးကိုထွန်းလွင် နဲ့ပတ်ဝန်းကျင်က လူအများရဲ့ အထင်အမြင်လွဲမှားမှု ခံရလို့ စိတ်ဓာတ်ကျနေရှာတဲ့မန္တလေးသူ၊ မန္တလေးတက္ကသိုလ် မဟာတန်းကျောင်းသူလေးဝေဝေငြိမ်း တို့ရဲ့ ဆွတ်ပျံ့ ကြည်နူးဖွယ်ဇာတ်လမ်းတစ်ပုဒ်ပါ ။အားလျော့နေတဲ့ ချစ်သူကို ဘဝခွန်အားတွေ ရရှိအောင် ဗေဒါလမ်း ကဗျာလေးထဲက မဗေဒါရဲ့ ဘဝလောကဓံ ကို ပမာပြု ပြီး ဘယ်လို လမ်းပြ တည့်မတ်ပေးသလဲဆိုတာကိုတော့ဒီဝတ္ထု လေးထဲမှာသာ ဖတ်ကြည့်လိုက်ပါ။မကြာမီအချိန်မှာလည်းရုပ်သံဇာတ်လမ်းအဖြစ် မြင်တွေ့ရမဲ့ဝတ္ထု တစ်ပုဒ်ပါ။
စာမျက်နှာ | 262 |
---|---|
စာအုပ်အရွယ်အစား | 5.3 x 0.5 x 8.3 inches |
ပုံနှိပ်မှတ်တမ်း | ကောင်းဆုသာစာပေ၊ 2022 ဖေဖော်ဝါရီလ (တတိယအကြိမ်) |
7 in stock (can be backordered)
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ