
ပိုကောင်းတဲ့နေ့ရက်များဆီ
5500 (ကျပ်)
အဆင်သင့်ဖြစ်မှုတွေနဲ့ မွေးဖွားလာသူတစ်ယောက် မဟုတ်ခဲ့ရင် အရာရာတိုင်းအတွက် အဆင်သင့်ဖြစ်အောင် မိမိကိုယ်ကို တည်ဆောက်ယူပါ ..
လူတိုင်းကတော့ ကိုယ့်ကို ပန်းစည်းလေးတွေ လာပေးသူကို မျှော်မိမှာပါပဲ။ ကိုယ်ဒုက္ခရောက်ပြီး ရေနက်ထဲနစ်တဲ့အခါ ကိုယ့်အတွက်နဲ့ ရေလယ်ခေါင်အထိ လာကယ်ပေးမယ့် မေခလာနတ်သမီး၊ နတ်သားလေးကို မျှော်မိတာပေါ့။ ဒါပေမဲ့ တခုမှမဟုတ်ဘူးလေ။ ကိုယ့်အတွက် ဘယ်သူကမှ ပန်းတစ်စည်းမပေးနိုင်ရင် ကိုယ်တိုင်ပဲ ပန်းတစ်ပွင့်အဖြစ် ပြောင်းလဲပစ်လိုက်ရမှာ….။
ကိုယ့်ရနံ့နဲ့ အခြားသူကို မွှေးပျံ့စေဖို့ ကြိုးစားရင်းမှ ကိုယ်ရှိနေသေးကြောင်း သတိရလာတတ်ကြတာမျိုးကိုး။ ရေနက်ထဲ နစ်နေတဲ့အခါမျိုးလည်း ကယ်သူကို မတောင့်တပါနဲ့၊ ကူးခတ်ရှင်သန်ပါ။ ကူးခတ်ရှင်သန်နေရင်းမှ ကြိုးစားရှင်သန်နေသူ တစ်ယောက်ရှိသေးကြောင်း မေခလာ နတ်သမီး၊ နတ်သားက သတိထားမိလာမှာမို့ပါ။ အဲ့ဒီတော့ ဘဝကို စလာကတည်းက အဆုံးသတ်အချိန်ထိ အစစအရာရာ အဆင်သင့်ဖြစ်နေဖို့ အချိန်နှင့်အမျှ ကြိုးစားရင်ဆိုင်နေရမှာက မိမိအလုပ်ပါ။
===
ဘဝမှာ ကယ်တင်ပေးမယ့်သူကို စောင့်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ် အားကောင်းအောင် တည်ဆောက်ပြီး ကိုယ့်ဒုက္ခကို ကိုယ်တိုင် ရင်ဆိုင်ကူးခတ်ရှင်သန်နိုင်ဖို့ သတ္တိ၊ အသိအမြင်နဲ့ အားပေးအားမြှောက်ပေးနိုင်တဲ့ စာအုပ်ဖြစ်လို့ ဖတ်သင့်တဲ့ စာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။
| စာမျက်နှာ | 104(Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.1 × 0.2 × 7.5 inches |
| ပုံနှိပ်မှတ်တမ်း | စာရိပ်မြိုင်စာပေ 2026 ဇန်နဝါရီလ (ပထမအကြိမ်) |
12 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ