
ဒီဂျစ်တယ်ခေတ် ရောင်းချခြင်းအနုပညာ
9000 (ကျပ်)
ဒေးလ်ကာနတ်ဂျီကိုယ်တိုင် အမေရိကန်ပြည်ထောင်စုတွင် ၁၉၁၂ ခုကစ၍ သင်တန်းဖွင့်လှစ်ကာ ကမ္ဘာ့ဒေသအသီးသီးသို့ ပျံ့နှံ့ ရောက်ရှိခဲ့သော ဒေးလ်ကာနတ်ဂျီအဖွဲ့အစည်းကြီး၏ ခေတ်နှင့် လျော်ညီအောင် ပြင်ဆင်မွမ်းမံထားသည့်ဈေးကွက်ဖောက်ကား ရောင်းချခြင်းဆိုင်ရာ စာအုပ်ဖြစ်သည်။ ဒေးလ်ကာနတ်ဂျီ ကွယ်လွန်ပြီးနောက်ပိုင်း သူ၏ အဖွဲ့သားများသည် ၎င်းတို့အပေါ် ဦးဆောင် လမ်းညွှန်မှုပေးခဲ့သော ပေါင်းသင်းဆက်ဆံရေးနှင့် ရောင်းဝယ်ဖောက်ကားရေးဆိုင်ရာ ဒဿနများကို ခေတ်အဆက်ဆက် မွမ်းမံခဲ့ကြရာ ယခုစာအုပ် ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဒေးလ်ကာနတ်ဂျီ အဖွဲ့အစည်းကြီးသည် နိုင်ငံပေါင်း ၈၅ နိုင်ငံတွင် ဘာသာစကား ၃၀ ဖြင့် သင်တန်းဆရာ ၂၀၀၀၊ သင်တန်းဆင်းသူပေါင်း ရှစ်သန်းကျော်ရှိကာ ကုမ္ပဏီအမြောက်အမြား အတွက် စွမ်းရည်ပြည့်ဝန်ထမ်းများ မပြတ် မွေးထုတ်ပေးလျက်ရှိရာ ယခုစာအုပ်သည် အဆိုပါ သင်တန်းသို့ တက်ရောက်ရန် မလွယ်ကူသူများအား ရည်ရွယ်ထုတ်ဝေခြင်းလည်း ဖြစ်သည်။
စာအုပ်တွင် ဒေးလ်ကာနတ်ဂျီ၏ ရောင်းဝယ် ဖောက်ကားခြင်းနှင့် မသက်ဆိုင်သည့် မိမိဩဇာ လွှမ်းမိုးမှုကို တိုးမြင့်စေခြင်း၊ ပိုမိုကောင်းမွန်သော ဇာတ်လမ်းပြောသူ ဖြစ်လာစေခြင်း၊ ယုံကြည်မှုကို မြှင့်တင်ပေးခြင်း၊ မကျေနပ် ချက်များ, ဝေဖန်မှုများနှင့် အပျက်သဘောတုံ့ပြန်ချက်များကို လွယ်ကူစွာ ကိုင်တွယ်နိုင်စေခြင်း၊ ပိုမို ခိုင်မာသော ဆက်ဆံရေး တည်ဆောက်နိုင်စေခြင်းတို့ကို ဦးစွာ ဖော်ပြပြီးမှ ဒေးလ်ကာနတ်ဂျီ၏ နိယာမ ၃၀ ကို ထည့်သွင်း ရေးသားထားသည်။
ထို့နောက် ဒီဂျစ်တယ်ခေတ်နှင့်လျော်ညီသော ကိုယ့်ကိုယ်ကိုယ်သိပါ၊ အရောင်း လုပ်ငန်းစဥ်၊ အရောင်းအတွက် စိတ်ဓါတ်ရေးရာ ကစားပွဲကို အောင်နိုင်ခြင်းနှင့် မေတ္တာလက်ဆောင် အရောင်းနည်း ဗျူဟာများဟူ၍ အပိုင်း လေးပိုင်း ခွဲကာ ဖတ်ရပါမည်။ ထိုသို့ ဖတ်ရှုရာတွင်လည်း ဈေးကွက်အခြေအနေနှင့် လူတစ်ဦးချင်းစီ၏ အတွေ့အကြုံအပေါ် ပြန်လည် ဖောက်သည်ချ ရေးထားခြင်းဖြစ်၍ ပေါ့ပေါ့ပါးပါး အလွယ်တကူနားလည်နိုင်ပါသည်။ ၂၁ ရာစုကမ္ဘာကြီးဝယ် ဈေးရောင်းဈေးဝယ် ကုန်စည်ကူးသန်းနေသူများ အချိန်နှင့်တစ်ပြေးညီ ခေတ်နောက်မကျစေရေး လေ့လာဖတ်ရှုသင့်သော စာအုပ်ဖြစ်ပါသည်။
| စာမျက်နှာ | 238 (woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2026 ဇန်နဝါရီလ (ပထမအကြိမ်) |
4 in stock


ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ