ကော်ဖီဖတ်စာ
7000 (ကျပ်)
သက်တမ်းလွန် ကော်ဖီ
===
“အေးစက်သွားတဲ့ သက်တမ်းလွန်ကော်ဖီတွေကို
ဆက်မသောက်တော့သလိုမျိုး ။
ဆက်ဆံရေးတွေမှာ တစ်ဖက်က
လိုလိုလားလား မရှိတော့တဲ့အခါ ကိုယ့်ဘက်က
လိုလိုချင်ချင် နောက်ဆုတ်ပေးလိုက်တာဟာလည်း ယဉ်ကျေးမှုတစ်ခုပဲ။”
ကျွန်တော်တို့ ငယ်ငယ်က သင်ပုန်းကြီးဖတ်စာတွေမှာ
က – ကလေးငယ် ချစ်စဖွယ်။
ခ – ခရေကုံး မလေးပြုံး ဆိုပြီး သင်ရပါတယ်။
ကျွန်တော်တို့ မိဘတွေ ခေတ်ကတော့
က- ကန်စွန်းပင် ရေမှာရွှင် တဲ့။
ဟိုးအရင်ခေတ်ကတော့ ဒေါင်းဖတ်စာ ဆိုလားပဲ စာသင်ခါစ ကလေးတွေကို အက္ခရာတွေနဲ့ ရင်းနှီးအောင်
မှတ်မိလွယ်အောင် ကဗျာလေးတွေနဲ့ သင်ပေးကြတာပါ။ အဲတာကို သင်ပုန်းကြီးဖတ်စာလို့ ခေါ်ပါတယ်။
အဲလိုပါပဲကော်ဖီကို စတင်လေ့လာနေသူတွေ၊ ကော်ဖီကို ကြိုက်တတ်သူတွေအတွက် ကော်ဖီနာမည်တွေ
ပါဝင်ပစ္စည်းတွေကို မှတ်မိရန် ရည်ရွယ်ပြီး ကော်ဖီကို ချစ်တဲ့ အတွေးလေးနဲ့ ကဗျာတွေလုပ်ပြီး ရေးဖြစ်ခဲ့ပါတယ်။ ကိုယ့်မိတ်ဆွေတွေကို လက်ဆောင်ပေးဖို့ ကော်ဖီကို အခြေခံပြီး ခံစားရေးဖွဲ့ထားတဲ့ ကဗျာလေးတွေကို
ကော်ဖီဖတ်စာ လို့ နာမည် ပေးလိုက်ပါတယ်။
– စာရေးသူမှကောက်နှုတ်ဖော်ပြချက်
| စာမျက်နှာ | 124 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.3 × 0.2 × 8.3 inches |
| ပုံနှိပ်မှတ်တမ်း | Star Dust Book House၊ 2024 ဇူလိုင်လ (ဒုတိယအကြိမ်) |
20 in stock





Evadne –
I like it