တိမ်လိုလေလို…

( 0 မှတ်ချက်)

9000 (ကျပ်)

၁၉၅၀ ပြည့်နှစ် ဝန်းကျင်ကာလ ရန်ကုန်မြို့ရဲ့ အောင်မြင်ကျော်ကြားသော ထားပြဇာတ်ရုံရဲ့ ရေပန်းစားသော ပြဇာတ်မင်းသမီး။ သူမနာမည်က လီလီ။ လီလီက သိပ်ကိုလျှို့ဝှက်သော အမျိုးသမီး။ သူမရဲ့နောက်ကြောင်း သူမရဲ့အတိတ် လူတွေစိတ်ဝင်စားပေမဲ့ သူမဆီကရော သူမကွယ်ရာမှာပါ သူမအကြောင်းကို စုံစမ်းမရတဲ့ သိပ်ကိုလျှို့ဝှက်သော အမျိုးသမီး။

သူမ မယုံကြည်သောအရာက မေတ္တာတရားဖြစ်ပြီး သူမအကြောက်ဆုံးသောအရာက သံယောဇဥ်တွယ်ငြိမိမှာဖြစ်တယ်။ သူမကို ယောကျ်ားတိုင်းက လိုချင်ကြပေမဲ့ သူမကို ဘယ်သူကမှတော့ မရနိုင်ကြဘူး။ သူမဟာ သိပ်ကို ဆန်းကြယ်သောအမျိုးသမီးတစ်ယောက်ပေါ့။

သူဌေးသား၊ ဌာနဆိုင်ရာအရာရှိ၊ ကုန်သည်၊ ပွဲစား အမျိုးမျိုးက သူမကိုသိကြပေမဲ့ သူမက လူတွေကိုမှတ်သားထားရတာမျိုးကို မကြိုက်ဘူး။ သူမက သူမစိတ်အတိုင်းပဲ ပြုမူတယ်။

သူမဟာ အချိန်ပြည့် လောကကြီးထဲက ထွက်သွားဖို့ ဆုံးဖြတ်ထားတဲ့သူ။ သူမက ဘရန်ဒီကို နှစ်သက်စွာသောက်တယ်။ ဘရန်ဒီမရှိတဲ့အချိန်မှာ သူမက စီးကရက်ကို ဘရန်ဒီအစားထိုးအနေနဲ့သောက်တယ်။

သိပ်ကို တွယ်ငြိမိမှာကြောက်တဲ့ အမျိုးသမီးက လူတစ်ယောက်ကို သနားမိလိုက်တယ်။ အဲဒီနောက် သူမဘဝ တစ်ဆစ်ချိူးပြောင်းလဲသွားတယ်။ သူမမှာ အချစ်ရှိလာမလား။ သူမမှာ မေတ္တာရဲ့သဘောတရားကို နားလည်လာမှာလား။ သူမရဲ့အကြောင်း သူမရဲ့ဘဝကရော ဘယ်လိုရှိလာမှာလဲ။ လျှို့ဝှက်ချက် များစွာနဲ့ ပြည့်နက်နေတဲ့ မိန်းမ။ သူမရဲ့ နာမည်က လီလီတဲ့။

ဘယ်သူတွေဟာ တိမ်လိုလေလို လွင့်မျောဖမ်းဆုပ်ရခက်ပြီး ဘယ်သူတွေဟာ တိမ်လိုလေလိုလွင့်မျောလေမလဲ။ အခြားသူတွေလား။ ဒါမှမဟုတ် သူမကိုယ်တိုင်ပေလား။
===

၁၉၅၀ ပြည့်နှစ်ဝန်းကျင် ရန်ကုန်မြို့၏ ထားပြဇာတ်ရုံတွင် အောင်မြင်ကျော်ကြားခဲ့သော ပြဇာတ်မင်းသမီး လီလီ သည် အတိတ်နောက်ကြောင်း မသိရလောက်အောင် လျှို့ဝှက်ဆန်းကြယ်ပြီး မေတ္တာနှင့် သံယောဇဉ်ကို မယုံကြည်သည့် အမျိုးသမီးတစ်ဦးပြီး  လူအများ၏ လိုလားမှုများအကြား ကိုယ်စိတ်အတိုင်းသာ အသက်ရှင်ပြီး လောကမှ ထွက်ခွာသွားရန် အမြဲစိတ်ဆုံးဖြတ်ထားသူလည်း ဖြစ်သည်။ တွယ်ငြိမိမှုကို ကြောက်ရွံ့သူတစ်ဦးက လူတစ်ယောက်ကို သနားမိသည့် အခိုက်အတန့်မှစ၍ သူမဘဝသည် တဖြည်းဖြည်း ပြောင်းလဲလာကာ အချစ်နှင့် မေတ္တာကို နားလည်လာနိုင်မလား၊ လျှို့ဝှက်ချက်များပြည့်နေသော သူမ၏ အနာဂတ်ဘဝသည် ဘယ်လိုဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားသော ဇာတ်လမ်းတစ်ပုဒ်ဖြစ်သည်။

စာမျက်နှာ

150(woodfree paper)

စာအုပ်အရွယ်အစား

5.3 ×0.2 ×8 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw ၊ 2025 ဒီဇင်ဘာလ(ပထမအကြိမ်)

6 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“တိမ်လိုလေလို…” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကိုကိုး စာအုပ်များ