ချစ်သူတောအုပ်
7000 (ကျပ်)
“ အလွမ်း ဆိုတာ
အားရှိတဲ့ အာဟာရစစ်စစ်
ခေတ်ကို လွမ်းမယ်
စနစ်ကို လွမ်းမယ်
လွမ်းသင့်သူတွေကို လွမ်းမယ်
ငါ့ကိုယ်ငါလည်း
လွမ်းရပါလိမ့်ဦးမယ်။ ”
“ပန်းချီအမော ဖြစ်စေ၊ ဘဝအမော ဖြစ်စေ ချွေးသိပ်ပေးစရာ ကျွန်မမှာ ကဗျာသာပဲ ရှိ၏” လို့ ဆိုတဲ့ ကဗျာ ဆရာမ မအိရဲ့ ချစ်သူတောအုပ်…။
ကဗျာ ဆရာတွေကို သူကောင်းပြုလေ့ ရှိတဲ့ ထန်းရိပ်ညို ဂယ်လာရီရဲ့ အရှင်သခင် ဖန်ဆင်းထားတဲ့ အနုပညာတောရမှာ ချစ်ရ၊ လေးမြတ်ရတဲ့ အနုပညာသည်တွေရဲ့ အထိမ်းအမှတ်တွေ၊ ပန်းပင်တွေ၊ သစ်ပင်လေးတွေ ပြည့်နှက်လို့ နေတယ်။
ဒါကို ကဗျာဆရာမ မအိက သူ ချစ်ရတဲ့၊ လေးမြတ်တန်ဖိုးထားရတဲ့ အနုပညာရှင်တွေ ရှိတဲ့ တောအုပ်ကလေးမို့ ချစ်သူတောအုပ်ရယ်လို့ သမုတ်တယ်။
ချစ်သူတောအုပ်ထဲမှာ ဘယ်အနုပညာသည်တွေရဲ့ အထိမ်းအမှတ်တွေ တည်ရှိသလဲ။ ဘယ်လို အလှတရားတွေ ရှိနေသလဲ။ ဒါတွေကို သိရဖို့ ချစ်သူ တောအုပ်ထဲကို ကဗျာဆရာမ မအိက စကားပြေ အလှတရားတွေနဲ့အတူ ခေါ်ဆောင်သွားပါလိမ့်မယ်။
| စာမျက်နှာ | 160 (Woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.2× 0.3×7.5 inches |
| ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2025 ဧပြီလ၊ (ပထမအကြိမ်) |
1 in stock








အေးသီတာ –
ကဗျာဆရာမတယောက်ရဲ့ စိတ်ရော ကိုယ်ပါ အပြည့်အဝပျော်ဝင်နေတဲ့စာအုပ်