ချစ်ခြင်းဖွဲ့သီ

( 2 မှတ်ချက်)

6000 (ကျပ်)

“နင်ပြန်လာတဲ့အချိန် ငါမရှိနေတော့မှာ ကြောက်တယ်၊ ငါက နင်စောင့်စေချင်တဲ့လူ မဟုတ်နေတော့မှာကိုလည်း ကြောက်တယ်”

စာအုပ်အစမှာ စာရေးသူက “နာမည်တပ်၍ ဖော်ပြခွင့် မရှိတော့သော တစ်စုံတစ်ဦးသို့ ချစ်ခင်စွာဖြင့် သတိရလျက်” လို့ဆိုပြီး ရည်ညွှန်းထားပါတယ်။

စာအုပ်အဆုံးမှာလည်း “သူဟာ ကျွန်တော့်အတွက် ခိုနားစရာအိမ်ကလေး ဖြစ်ခဲ့ဖူးသလို၊ တစ်ကိုယ်ရည်စာ ဒဏ်ရာလေးလည်း ဖြစ်ခဲ့ဖူးပါတယ်” လို့ဆိုပြီး ဖော်ပြထားပါတယ်။

ဒါဆိုရင် စာရေးသူရဲ့ နာမည်တပ်၍ ဖော်ပြခွင့် မရှိတော့သော တစ်စုံတစ်ဦး က ဘယ်သူဖြစ်နေမလဲ…

စာမျက်နှာ

104

စာအုပ်အရွယ်အစား

5.2× 0.2× 8 inches

ပုံနှိပ်မှတ်တမ်း

Book Case By Saw၊ 2024 ဩဂုတ်လ (ပထမအကြိမ်)

16 in stock

ချစ်ခြင်းဖွဲ့သီ အား ဝေဖန်သုံးသပ်မှု 2 ရှိပါသည်။

  1. Hnin Yu Wai

    ပန်းဆက်လမ်းရဲ့ အညွှန်းအတိုင်းပဲ “အချစ်နဲ့မကင်းတဲ့ချစ်တတ်သူတိုင်းအတွက် ချစ်ခြင်းနဲ့ ဖွဲ့သီထားတဲ့ စာအုပ်လေးတစ်အုပ်” ပါ။ အတွင်းစာသားလေးတွေတစ်ခုချင်းစီကအစ အတွင်းပုံလေးတွေတစ်ပုံချင်းစီကအစ အများကြီးချစ်ဖို့ကောင်းတာမလို့ ဝယ်လို့ မမှားခဲ့တဲ့ စာအုပ်တစ်အုပ်ပါပဲ။ အများကြီး သဘောကျရပါတယ်။ ဖတ်ခွင့်ရတဲ့အတွက် ရေးပေးတဲ့ author ကိုလည်း ကျေးဇူးတင်ရပါတယ်။

  2. Aeri Myat

    ခန့်နေညို- ချစ်ခြင်းဖွဲ့သီ🌸🤍
    ငယ်ဘဝကို ပြန်သတိရမိစေတဲ့စာအုပ်လေး🥰
    ကဗျာလေးတွေနဲ့ပုံလှလှလေးတွေ ယှဥ်ထည့်ထားတဲ့ Ideaလေးကို သဘောကျတယ်။
    ကဗျာတွေက စိတ်နှလုံးသားကို နူးညံ့စေတယ်။နောက်ပြီး အဖြူရောင်သက်သက်ချစ်ခြင်းမေတ္တာရဲ့ အရိပ်အငွေ့လေးတွေကိုလည်း ခံစားမိစေပါတယ်။
    “နာမည်တပ်၍ ဖော်ပြခွင့် မရှိတော့သော တစ်စုံတစ်ဦးသို့ ချစ်ခင်စွာဖြင့် သတိရလျက်” တဲ့လေ…။
    “ကြယ်ပန်းလေးတွေကို
    သူ့အတွက် ခွေယက်လို့၊
    သူတစ်ဦးတည်း ဖတ်ခွင့်ရမယ့် ကဗျာလေးကို ပွင့်ဖတ်လေးတွေထဲ ခြွေဝှက်လို့၊
    တစ်ချိန်ကျရင် အိမ်မက်လေးတစ်ခုကို နှစ်ယောက်ခွဲပြီး အတူမက်မလို့။ ။”
    “အိပ်မက်မဖြစ်ခဲ့ရင် ကောင်းမယ်လို့ တွေးမိခဲ့တဲ့ ကာလတချို့ တကယ်ရှိခဲ့သလို အိမ်မက်ဖြစ်ခဲ့ရင် ကောင်းမှာပဲလို့ တွေးမိခဲ့တဲ့ ကာလတချို့လည်း တကယ်ရှိခဲ့ပါတယ်။ ။”
    “မေရေ…စံပယ်ရုံလေးဆီ
    ပြန်သွားကြတာပေါ့ ၁၅၊၁၆၊၁၇… တဲ့
    ပွင့်ဖတ်ဖြူလေးလေ
    ရွက်စိမ်းနုလေးလေ
    တစ်ချက်ချက်မြည်နေတဲ့နာရီနဲ့
    နာရီထဲကငေးကြည့်ရခြင်းတွေ
    စာသင်ချိန်တဲ့လား
    စာသံတွေက မကြားတစ်ချက်
    ကြားတစ်ချက်
    ပုံရိပ်ယောင်လေးနဲ့
    နေ့တာရှည်ခဲ့ပုံများ။ ။”
    “တစ်ခါတလေ
    လမင်းက တိမ်တိုက်တွေထဲ
    ပြေးဝင်တတ်ပါတယ်။
    တစ်ခါတလေ
    တိမ်တိုက်တွေက လမင်းကို
    လာဖုံးတတ်ပါတယ်။
    ကျွန်တော်ကတော့ ငေးကြည့်သူပေါ့လေ”
    ချစ်စရာ လွမ်းစရာ စာကဗျာလေးတွေကို ခံစားကြည့်နိုင်မယ့် ဆရာခန့်နေညိုရဲ့
    “ချစ်ခြင်းဖွဲ့သီ” စာအုပ်လေးပါ🥰🤍

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ခန့်နေညို စာအုပ်များ