ကျွန်မချစ်သော လူငယ်များအတွက် ကျွန်မဘဝ ကျွန်မစာ

( 0 မှတ်ချက်)

7000 (ကျပ်)

Modern Publishion  House က စီစဥ် ပုံဖော်ပြီး ခေတ်မျက်၀န်းစာပေရဲ့ ပွဲဦးထွက်အဖြစ်  သတင်းထောက်၊စာရေးဆရာမ၊အစီအစဥ်တင်ဆက်သူ သူဇာနွယ်(ဖျာပုံ)က သူမရဲ့ ဘဝသက်တမ်း ၂၅ နှစ်မှာ တွေ့ကြုံ ဖြတ်သန်းရင်ဆိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေကို အခြေခံလို့ ဖြစ်ပေါ်လာတဲ့  စိတ်ဓာတ်ခွန်အား စကားလုံးတွေကို စာအုပ်အဖြစ် ပုံဖော်ပြီး  “ကျွန်မဘ၀ ကျွန်မစာ  စိတ်ခွန်အားပေးစာစုများ ” ဆိုတဲ့ အမည်နှင့်ထုတ်ဝေထားခြင်းဖြစ်ပါတယ်။

ဒီစာအုပ်မှာ အနာဂတ်ရဲ့ခေတ်လူငယ်တွေ အနေနဲ့ ဘက်စုံလောကမှာ စိတ်ဓာတ် ခွန်အားနဲ့ ကိုယ်ကျင့်တရားတွေကို အရင်းခံလို့ ကျင်လည်ရတဲ့အချိန်မှာ အမှားနဲ့အမှန်၊အသိတရားနဲ့ သတိတရား၊အခြေအနေနဲ့ အချိန်အခါ၊ဆောင်ရန်နဲ့ ရှောင်ရန် စတာတွေကို ထုံးနှလုံးမူ လိုက်နာ ကျင့်ကြံ အားထုတ်နိုင်စေဖို့အတွက် စာရေးသူက သူ့တွေ့ကြုံ ကြိုးစား ရုန်းကန် ဖြတ်သန်းခဲ့ရတဲ့ စိတ်ဓာတ် ခွန်အားတွေကို လက်တွေ့ ကျင့်ကြံ လုပ်ဆောင်နေရင်း ဤ စာစု ၁ဝဝ ကျော်ကို စုစည်းတင်ပြထားခြင်း ဖြစ်တယ်လို့ဆိုထားပါတယ်။

ဒါ့ကြောင့် အနာဂတ်မျိုးဆက်သစ် လူငယ်တွေ အနေနဲ့ သာယာ လှပတဲ့ မိမိရဲ့ ဘဝနဲ့ လောကပတ်ဝန်းကျင်ကို အလှဆင်နိုင်ဖို့အတွက် ဒီစိတ်ခွန်အားပေးစာစုများ ဆိုတဲ့ စာအုပ်လေးက  ရှေ့ဆောင် လမ်းပြ လမ်းကြောင်း တည့်မတ်ပေးမှာ  ဖြစ်တဲ့အတွက် လက်မလွှတ်တမ်း ဝယ်ယူဖတ်သင့်တဲ့ စာအုပ်ဖြစ်ပါတယ်။

စာမျက်နှာ

126 (woodfree papaer)

စာအုပ်အရွယ်အစား

4.8 x 0.2 x 7.4 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ ၊2026၊ ဇန်နဝါရီလ (ပထမအကြိမ်)

18 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကျွန်မချစ်သော လူငယ်များအတွက် ကျွန်မဘဝ ကျွန်မစာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

သူဇာနွယ်(ဖျာပုံ) စာအုပ်များ