ကော်ဖီခွက်ထဲကအနုပညာ

( 0 မှတ်ချက်)

8000 (ကျပ်)

ကိုယ့်ရဲ့ ဖြစ်တည်မှုကို တန်ဖိုးထားတတ်စေဖို့၊ ကိုယ့်ကိုယ်ကိုယ် ပိုသိလာစေဖို့၊ ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိဖို့၊ ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာစေဖိ့၊ ကိုယ့်ကိုယ်ကိုယ် အားကိုးတတ်လာစေဖို့အတွက် ကိုယ်ကိုယ်ကိုယ် ပြန်ချိန်းတွေ့မှု Self-Date လုပ်တာမျိုးက မကြာခဏဆိုသလို လုပ်သင့်ပါတယ်။

အဲ့ဒီလို လုပ်ဖို့ကလည်း အရမ်းကြီး ခမ်းနားနေစရာ မလိုအပ်ပါဘူး။ ကိုယ့်အိမ်မှာဆိုရင် အချိန်နည်းနည်း သတ်မှတ်ပြီး ဖုန်းကို အရေးပေါ်ကိစ္စကလွဲလို့ အသုံးမပြုဖြစ်အောင် စီစဉ်ထားမယ်။ ပြီးရင် ကော်ဖီလေးတစ်ခွက် ဒါမှမဟုတ် အအေးလေးတစ်ခွက် စီစဉ်ပြီး စာအုပ်တစ်အုပ်ဖတ်နေတာ၊ သီချင်းနားထောင်တာ၊ ရုပ်ရှင်ကြည့်တာ စတဲ့ ကိုယ်လုပ်ချင်တာလေးတစ်ခုကို တစ်ယောက်ထဲ လုပ်နေတာမျိုးဟာလည်း ကိုယ့်ကိုယ်ကိုယ် ပြန်ချိန်းတွေ့မှု Self-Date လုပ်တာမျိုးပဲ ဖြစ်ပါတယ်။

ကျွန်မတို့ လူသားတွေမှာ နေ့စဉ်ကိုယ်စီကိုယ်စီ ထိတွေ့ အသုံးပြုတဲ့ အရာတွေ အများကြီးရှိကြပါတယ်။ ကျွန်မတို့ ကိုယ်စီ ထိတွေ့ အသုံးပြုတဲ့ အရာတွေဟာ တူညီတာတွေရှိသလို ကွဲပြားတာတွေလည်း ရှိနိုင်ပါတယ်။ ကြိုက်နှစ်သက်ပြီး အသုံးပြုတာတွေရှိသလို မကြိုက်မနှစ်သက်ဘဲ သုံးနေရာတာတွေလည်း ရှိနေတတ်ပါတယ်။

ကျွန်မအနေနဲ့ ကော်ဖီသောက်ရင်း တွေးမိတာက “ငါဘာတွေကို နှစ်သက်သလဲ” ဆိုတာပါပဲ။ ကျွန်မရဲ့ အတွေးပုံရိပ်ထဲ ကျွန်မကြည်နူးနှစ်သက်တဲ့ အရာတွေ အများကြီး ပေါ်လာခဲ့တယ်။ အဲ့ဒီ့ထဲက ပိုမိုနှစ်သက်တဲ့ အရာ အချို့ကို ကျွန်မရဲ့ မှတ်စုစာအုပ်မှာ အခုလို ချရေးခဲ့တယ်။

“ကျွန်မ ကော်ဖီသောက်ရတာ ကြိုက်တယ်။”
“ပန်းချီကားတွေကို ကြည့်ရှုခံစားရတာ နှစ်သက်တယ်”
“စာအုပ်စာပေ လေ့လာဖတ်ရှုရတာကို မြတ်နိုးတယ်”
” မှန်ကြည့်ရတာကို သဘောကျတယ်”

အဲ့ဒီ့အကြောင်းအရာတွေကို ကြိုက်နှစ်သက်ပေမယ့် ထဲထဲဝင်ဝင် မသိရှိနေတာကြောင့် တစ်ခုခြင်း လေ့လာပြီး ကိုယ်လည်း သိရှိစေဖို့၊ ကိုယ့်စိတ်ကိုယ်လည်း အာဟာရဖြည့်ဖို့နဲ့ စာဖတ်သူတွေကို မျှဝေဖို့ ရည်ရွယ်ပြီး ရေးသားထားခြင်းဖြစ်ပါတယ်။

ဒီစာအုပ်ထဲမှာ ကော်ဖီ စတင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းတွေ၊ သမိုင်းထဲက ကော်ဖီကြိုက်နှစ်သက်သူတွေ၊ ကော်ဖီသောက်ရင်း ဖတ်မိတဲ့ ထင်ရှားသူတွေ အကြောင်းတွေ၊ ခံစားမိတဲ့ ပန်းချီတို့အကြောင်းတွေ ကို စာရေးသူနဲ့ စာဖတ်သူ ကြား ကော်ဖီသောက်ရင်း ပြောဆိုဆွေးနွေးဟန်နဲ့ ရေးသားထားပါတယ်။

ကော်ဖီခွက်ထဲကအနုပညာ စာအုပ်သည် ဆရာမ ဒါလီမြင့်၏ ဒုတိယမြောက်စာအုပ်ဖြစ်ပြီး  စာအုပ်ထဲတွင် ကော်ဖီ(သို့မဟုတ်) ဘုရားသခင်ကပေးတဲ့လက်ဆောင်၊ ပန်းချီကားတစ်ချပ်ရဲ့ ဒိုင်ယာရီ၊ စာအုပ်တစ်အုပ်နှင့် အပြုံးတစ်ပွင့်၊ စိတ်ပန်းချီရေးခြယ်တဲ့မှန် စတဲ့ သုတ၊ရသ အပြင် ဒဿနများ ပါဝင်တဲ့ စာစုများ စာအုပ်ထဲမှာ ပါဝင်ပါတယ်။

စာမျက်နှာ

111 (Woodfree paper)

စာအုပ်အရွယ်အစား

5.6 x 0.2 x 8.3 inches

ပုံနှိပ်မှတ်တမ်း

အမြွှာညီနောင်၊ 2026 ဇန်နဝါရီလ (ပထမအကြိမ်)

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ကော်ဖီခွက်ထဲကအနုပညာ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဒါလီမြင့် စာအုပ်များ