
ဗုဒ္ဓနည်းကျအတွေးများကိုစီမံခန့်ခွဲခြင်း (Pre Order)
12000 (ကျပ်)
“အချိန်ကို စီမံခန့်ခွဲခြင်းက တစ်နေ့တာကို ပြောင်းလဲပေးနိုင်သလို အတွေးတွေကို စီမံခန့်ခွဲခြင်းကတော့ ဘဝကို ပြောင်းလဲပေးနိုင်ပါတယ်”
နေ့စဉ်ဘဝရဲ့ လှည့်ပတ်မှုတွေကြားမှာ စိတ်ပူပန်မှု၊ မကျေနပ်မှု၊ စွဲလမ်းမှုနဲ့ တွေးတောပူပန်ခြင်းတွေဟာ ကျွန်ုပ်တို့ရဲ့ အေးချမ်းမှုကို မကြာခဏလုယူသွားတတ်ကြတယ်။
ဒီစာအုပ်မှာ ဗုဒ္ဓမြတ်စွာရဲ့ တရားတော်တွေထဲက စိတ်နဲ့အတွေးရဲ့ သဘောတရားတွေကို နေ့စဉ်ဘဝနဲ့ နီးစပ်လွယ်ကူစွာ ချိတ်ဆက်ပြီး-
🧘အတွေးတွေ ဘယ်လိုစတင်ပေါ်ပေါက်လာပြီး ဘယ်လို နယ်ချဲ့တတ်ပုံ
🧘 မကောင်းတဲ့ အတွေးတွေကို သတိဖြင့် ထိန်းကျောင်းကာ ကုသိုလ်ဖြစ်အတွေးတွေ၊ မေတ္တာတရားတို့ဖြင့် ပြုပြင်ပုံ
🧘 စိတ်ရဲ့ငြိမ်သက်မှုကို နှောင့်ယှက်တတ်တဲ့ နီဝရဏတရားတွေကို ကျော်လွှားပုံ
🧘 နေ့စဉ်ကြုံတွေ့ရတဲ့ အခက်အခဲတွေကို ဆင်ခြင်တုံတရားကောင်းဖြင့် ရင်ဆိုင်ကျော်လွှားပုံတွေကို လက်တွေ့ကျကျ ရှင်းလင်းတင်ပြထားပါတယ်။
အတွေးကို ဖျောက်ဖျက်ပစ်ဖို့ မဟုတ်ဘဲ ပေါ်လာတဲ့အတွေးကို သတိဖြင့် သိမြင်ကာ မှန်ကန်တဲ့ဘက်သို့ ပြန်လည်ဦးတည်ပေးခြင်းဖြင့် မိမိစိတ်ကို မိမိ ပြန်လည်အစိုးရနိုင်ဖို့ ဒီစာအုပ်က လမ်းပြဖော်ဆောင်ပေးပါလိမ့်မယ်။
| စာအုပ်ထွက်မည့်ရက် | 3.12.2026 |
|---|---|
| စာမျက်နှာ | 127 (Woodfree Paper) |
| စာအုပ်အရွယ်အစား | 5.7 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | သားငယ်စာပေ၊ ၂၀၂၆ ဒီဇင်ဘာလ၊ (ပထမအကြိမ်) |
200 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ