ဗုဒ္ဓစိတ်ပညာနှင့်ဆွေးနွေးမှုအနုပညာ
4800 (ကျပ်)
ဒီစာအုပ်မှာ ဗုဒ္ဓစိတ်ပညာနဲ့ပတ်သက်လို့ ဗုဒ္ဓစိတ်ပညာဆိုတာဘာလဲ၊ ဗုဒ္ဓစိတ်ပညာပေါ်ပေါက်လာပုံသမိုင်း ကြောင်းနဲ့ အနောက်တိုင်းစိတ်ပညာ ယူဆချက်တွေနဲ့ ဗုဒ္ဓစိတ်ပညာရဲ့ယူဆချက်တွေကို နှိုင်းယှဥ်ဖော်ပြထားသလို စိတ်ပိုင်းဆိုင်ရာ ဆွေးနွေးအကြံပေးမှုနဲ့ပတ်သက်လို့ သတိပဋ္ဌာန်ကိုအခြေခံတဲ့ စိတ်ကုထုံးတွေ၊ လက်တွေ့ကုသမှုတွေ၊ စိတ်ဖိစီးမှုကိုစီမံထိန်းချုပ်နည်းတွေနဲ့ ဝမ်းနည်းခြင်း၊ စိတ်ကျခြင်း၊ မှိုင်တွေအားငယ်ခြင်း၊ ပျင်းရိငြီးငွေ့ခြင်း၊ ပူပင်သောကဖြစ်ခြင်း၊ ဒေါသဖြစ်ခြင်း၊ မူးယစ်ဆေးစွဲခြင်း၊ မာနကြီးခြင်း၊ ဘဝင်မြင့်ခြင်း၊ မိမိကိုယ်ကိုအကဲဖြတ်ခြင်းတို့အကြောင်းကို ဖော်ပြထားပါတယ်။
| စာမျက်နှာ | 154 |
|---|---|
| စာအုပ်အရွယ်အစား | 5.5 × 0.4 × 8.3 inches |
| ပုံနှိပ်မှတ်တမ်း | သားငယ်စာအုပ်တိုက်၊ 2023 ဇူလိုင်လ (ဒုတိယ-ကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 15.6.2023 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 4800 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock





Daw Thae Thae Thant –
ဆရာမရဲ့စအုပ်လေးကိုကြိုက်လို့ပါ
စိတ်ကို အားအင်ဖြစ်စေလို့ပါ
Aeri Myat –
“Introduction to Buddhist Psychology and Counselling”
ဆရာကြီး “Padmasiri De Silva”
ရေးသားထားတဲ့ စာအုပ်ကို ဆရာမကြီး မြမြဆွေ (စိတ်ပညာ) မှ ဗုဒ္ဓစိတ်ပညာနှင့် ဆွေးနွေးမှု အနုပညာ ခေါင်းစဥ်ဖြင့် မြန်မာဘာသာသို့ ပြန်ဆိုပေးထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။
ဒီစာအုပ်လေးမှာ ဗုဒ္ဓစိတ်ပညာကို
မိတ်ဆက်ခြင်း နဲ့ သတိပဌာန်အခြေခံ
သည့် ဆွေးနွေးအကြံပေးမှုလမ်းကြောင်းများ ဆိုပြီး(၂)ပိုင်း ခွဲပြီး ပြောပြပေးထားပါတယ်။
စိတ်အညစ်အကြေး နီဝရဏတရားတွေကို ဖယ်ရှားပစ်ဖို့၊ကိုယ်ကျင့်သီလ စောင့်ထိန်းဖို့၊ဗုဒ္ဓတရားတော်တွေကို နာယူပြီး
လက်ခံကျင့်သုံးဖို့၊ငါစွဲ အတ္တကိုလျှော့ချဖို့ စတဲ့ အချက်လေးတွေကို ပြောပြပေးထားပါတယ်။
🍀သတိပဌာန် စိတ်လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် ရိုးသားပွင့်လင်းမှု၊လက်ခံမှု၊ခွင့်လွှတ်မှုနဲ့ ကရုဏာတရားတို့က စိတ်ရဲ့ နယ်ပယ်ထဲမှာ အသိတရားအသစ်တွေအဖြစ် ရောက်ရှိလာနိုင်ပါတယ်။
🍀မာနကြီးခြင်းနဲ့ ကျရှုံးတဲ့သူလို့ ထင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်
မကောင်းတဲ့အရာတွေ ဖြစ်တယ်။
🍀ပေးကမ်းလှုဒါန်းခြင်းက လောဘကြီးခြင်းဆိုတဲ့စိတ်ကို ဖယ်ရှားပေးနိုင်ပါတယ်။လှူဒါန်းမှုတွေက နှလုံးသားက
လာတဲ့ ချစ်ခြင်းမေတ္တာကို အခြေခံပါတယ်။
ဘဝကို မှန်ကန်စွာနေထိုင်ခြင်း နည်းလမ်းတွေကို အနောက်တိုင်းပညာရှင်များ၏ ရှုထောင့်၊ဗုဒ္ဓစိတ်ပညာရှုထောင့်
စသည်ဖြင့် တွယ်ဆက် ရေးသားထားတဲ့အတွက် ဗဟုသုတများစွာလည်း ရရှိစေမယ့် စာအုပ်လေး ဖြစ်ပါတယ်။
ဗုဒ္ဓစိတ်ပညာကို စိတ်ဝင်စားတဲ့ လူငယ်များအတွက် ဖတ်သင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်မို့ ဖတ်ကြည့်စေချင်ပါတယ်။
Introduction to Psychology&Buddhist Psychotherapy သင်တန်းတက်တုန်းကဒီစာအုပ်လေးကို ညွှန်းဆိုပေးတဲ့ ဆရာတော် အရှင်နန္ဒာစာရကိုလည်း ကျေးဇူးတင်ပါတယ်🙏🙏🙏
ရှင်းလင်းပြေပြစ်စွာ ဘာသာပြန်ဆိုပေးထားတဲ့ ဆရာမကြီး မြမြဆွေ စိတ်ပညာ ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်🥰🤍