ခွေးလေးမိုတီရဲ့ ဗရက်(မ်)ရှာ(က်)ရှက်(စ်)
3000 (ကျပ်)
“ခွေးလောက်မှသစ္စာမရှိဘဲ ကိုယ့်ကိုယ်ကိုယ်လူအဖြစ် ရှင်သန်နေထိုင်နေတာကို ခင်ဗျား မရှက်ဘူးလား”
ဒီစကားလုံးကို ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ အမြဲလိုလိုကြားရတတ်ပါတယ်။ ကျေးဇူးမသိတတ်သူတစ်ဦးတစ်ယောက် ဒါမှမဟုတ် ကျွေးတဲ့လက်ပြန်ကိုက်တတ်တဲ့လူတန်းစားတွေကို တစ်ဘက်လူက ပက်ပက်စက်စက်ပြန်ပြောတတ်တဲ့စကားလို့ပြောရင် မှားမယ်မထင်ဘူး။ ဟုတ်ပါတယ်။ ကျွန်တော်တို့ပတ်ဝန်းကျင်မှာတိရစ္ဆာန်လောက်မှ မသိတတ်၊ မကျင့်ကြံတတ်တဲ့လူတွေ များစွာရှိပါတယ်။ အဲဒီလိုလူတန်းစားတွေကို ဆရာမောင်ဒဿန(ဆင်ဖြူကျွန်း)က အနုပညာရသမြောက်အောင် ဘယ်လိုဖော်ကျူးရေးသားထားသလဲဆိုတာ ဒီစာအုပ်ရဲ့title ဝတ္ထုရှည်မှာ တွေ့မြင်ရမှာဖြစ်ပါတယ်။
ဒီစာအုပ်ဟာ စာရေးသူစိတ်ကြိုက်ရွေးချယ်ထားတဲ့ ငွေတာရီမဂ္ဂဇင်းဝတ္ထုရှည်တွေကို သီးသန့်စုစည်းထားတဲ့စာအုပ် ဖြစ်ပါတယ်။
အကြောင်းအရာကွဲပြားပြီး ရေးသားတင်ဆက်ပုံ မတူညီတဲ့ဝတ္ထုရှည်တွေဖြစ်တာကြောင့် စာဖတ်သူတွေအတွက် ရင်ဘဝဂ်ငြိတွယ်သွားစေနိုင်ပါတယ်။
“ခွေးတွေဟာ စာမဖတ်ပါဘူး”။
စာမျက်နှာ | 190 |
---|---|
စာအုပ်အရွယ်အစား | 5.5× 0.5 × 8.2 inches |
ပုံနှိပ်မှတ်တမ်း | pica စာပေ၊ 2020 စက်တင်ဘာလ၊ (ပ-ကြိမ်) |
4 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ