ဘာဘာ ဘာမှမသိဘူး

( 1 မှတ်ချက်)

20000 (ကျပ်)

စာမျက်နှာ

251

စာအုပ်အရွယ်အစား

5.3 x 0.4x 8.1 inches

ပုံနှိပ်မှတ်တမ်း

မျက်ပွင့်စာပေ၊ 2022 ဧပြီလ(ဆဌမအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

17.3.2026 ရက်နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ 20000 ကျပ် စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

5 in stock

ဘာဘာ ဘာမှမသိဘူး အား ဝေဖန်သုံးသပ်မှု 1 ရှိပါသည်။

  1. Swan Arr Kyaw Zan

    ဒီဝတ္ထုက သိပ်လေးနက်တယ်။ ဒဿနဆန်တဲ့ အတွေးအခေါ်တွေ၊ စကားတွေ ပါတယ်။

    ဘာဘာဟာ ကိုယ့်မိဘမှန်းမသိ။ လူသတ်မှုကို ဘာမှန်းမသိ။ ဘာအကြောင်းတစ်ခုမှ မသိ။

    တရားရုံးမှာရောက်နေတဲ့ ဘာဘာ လူသတ်မှုကိစ္စကို မသိတော့ တရားသူကြီးက အမှုလွှတ်ပေးလိုက်တယ်။

    ဒီနေ့မှာတင်ပဲ ဘူတာရုံအနီး ထမင်းဆိုင်ရောက်ခါနီးအချိန် တခြားတစ်ယောက်က တုတ်နဲ့ရိုက်လို့ ဂါတ်ဝပ် (ရာဇဝတ်မှုနဲ့ ပတ်သက်တဲ့လူတွေကို ဆေးကုသပေးတဲ့ နေရာ) ပေါ်တင်ရတယ်။ ဒီနေရာမှာ သူ အချိန်ပေါင်းများစွာ နေခဲ့ရတယ်။

    ဂါတ်ဝပ်ကနေ ဆင်းတဲ့ တစ်နေ့ မြို့ကြီးတစ်မြို့ကနေ တစ်ခြားမြို့ကြီးတစ်မြို့ကို သင်္ဘောနဲ့ စီးလာတယ်။ တစ်မြို့ပြီးတစ်မြို့၊ တစ်နေရာပြီးတစ်နေရာကို လောကရဲ့ အသိအမြင်တွေ၊ အမှန်တရားတွေအတွက် ရှာပုံတော် ခရီးထွက်ရင်း…..။

    သူက ထီအရောင်းသမားလည်း လုပ်တယ်၊ ကူလီလည်း လုပ်တယ်၊ ကျပန်းသမားလည်း လုပ်တယ်၊ သမ္ဗာန်သမားလည်း လုပ်တယ်၊ ဥယျာဥ်မှူးလည်း လုပ်တယ်။ အလုပ်ပေါင်းစုံ၊ လူပေါင်းစုံတွေနဲ့ ကျင်လည်ခဲ့တယ်။

    ရှင်းရှင်းလင်းလင်း ဒဲ့ပြောရရင် ဘာဘာဟာ ခြေဦးတည့်ရာ ဖြစ်သလို နေတော့တာပဲ။

    သူ အတွေးတွေပေါင်းစုံနဲ့ ချာချာလည်နေတယ်။ သူကိုယ်တိုင်ရှာနေတာက လောကရဲ့ အမှန်တရား။

    ဘာဘာကိုယ်တိုင် လောကရဲ့ အမှန်တရားကို သိနိုင်၊ မြင်နိုင်ပြီလား…..။

    တကယ်သေချာဖတ်ကြည့်လိုက်ရင် ဆင်ခြင်စရာ၊ အတွေးပွားစရာတွေ အများကြီးတွေ့လာလိမ့်မယ်။

    ဦးရာကွတ်နဲ့ ဘာဘာတို့ စကားပြောနေတဲ့အခန်းတစ်ချို့မှာ သံပေါက်လေးတွေရေးပြထားတာလေးက ချစ်စရာလေး။

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မင်းသိင်္ခ စာအုပ်များ