
ဒဿနနှင့် ဘာသာတရား (Pre Order)
15500 (ကျပ်)
❇️လူ့သမိုင်းတစ်လျှောက်မှာ ငြိမ်းချမ်းခြင်းကို ပေးစွမ်းသလို အထိမခံတဲ့ ပဋိပက္ခတွေကိုပါ ဖန်တီးခဲ့တဲ့ ဘာသာတရားဆိုတဲ့ အကြောင်းအရာကို ဒဿနအမြင်၊ သိပ္ပံနဲ့ လူမှုဗေဒရှုထောင့်တို့ကနေ ခြုံငုံဆင်ခြင်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။
❇️ဒီစာအုပ်ထဲမှာ ဘာသာတရားရဲ့ မူလအစနဲ့ ဆင့်ကဲဖြစ်စဉ်တွေ၊ ယုံကြည်မှုနဲ့ သက်ဝင်မှုရဲ့ ကွာခြားချက်တွေကို အသေးစိတ် တင်ပြထားပါတယ်။ ဒါ့အပြင် ဘာသာရေးဆိုင်ရာ ဇာတ်လမ်းပုံပြင်တွေနဲ့ ကျမ်းစာတွေရဲ့ နောက်ကွယ်မှာ ကိန်းအောင်းနေတဲ့ နက်နဲတဲ့ တင်စားချက် (Metaphor) တွေ၊ဘုရားသခင်ရဲ့ တည်ရှိမှုနဲ့ ပတ်သက်ပြီး ဇီနိုဖန်းနီးစ်၊ ဆော့ခရတ္တိ၊ ပလေတိုနဲ့ အရစ္စတိုတယ်တို့ရဲ့ ဒဿနိက ဆင်ခြင်သုံးသပ်ချက်တွေကိုပါ စိတ်ဝင်စားစရာကောင်းအောင် ရေးသားပေးထားပါတယ်။
❇️သိပ္ပံနဲ့ ဘာသာတရားရဲ့ ပဋိပက္ခ၊ ဘုရားသခင်နဲ့ ကိုယ်ကျင့်တရား၊ စီးပွားရေးနဲ့ နေ့စဉ်လူနေမှုဘဝတွေအပေါ် ဘာသာတရားရဲ့ သက်ရောက်မှုတွေကိုပါ အလင်းပြပေးထားတာကြောင့် မျက်စိမှိတ်ယုံကြည်ခြင်းကနေ လွတ်မြောက်ပြီး ဆင်ခြင်တုံတရားနဲ့ တွေးခေါ်လိုသူတိုင်း မဖြစ်မနေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။
| စာအုပ်ထွက်မည့်ရက် | 3.12.2026 |
|---|---|
| စာမျက်နှာ | 174 (Woodfree Paper) |
| စာအုပ်အရွယ်အစား | 5.7 x 8.1 inches |
| ပုံနှိပ်မှတ်တမ်း | သားငယ်စာပေ၊ ၂၀၂၆ ဒီဇင်ဘာလ၊ (ပထမအကြိမ်) |
| အမှတ်တရလက်ဆောင် | Pre-order မှာယူသူတိုင်းအတွက် စာရေးသူမှ အမှတ်တရလက်မှတ်ထိုးပေးထားပါသည်။ |
200 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ