
ဘဂ္ဂဒက်က ဖရန်ကင်စတိုင်း
18000 (ကျပ်)
အီရတ်စာရေးဆရာ အာမတ်ဆာဒါဝီ(Ahmed Saadawi) ရေးသားပြီး ဂျိုနသန်ရိုက်(Jonathan Wright) က အရဗီဘာသာကနေ အင်္ဂလိပ်ဘာသာကိုပြန်ဆိုထားတဲ့စာအုပ်ဖြစ်ပါတယ်။ အီရတ်နိုင်ငံသား စာရေး ဆရာ၊ ကဗျာဆရာ၊ ဇာတ်ညွှန်းဆရာနှင့် မှတ်တမ်းရုပ်ရှင်ဒါရိုက်တာ အာမတ်ဆာဒါဝီဟာ အာရပ်ဝတ္ထု ဆိုင်ရာ နိုင်ငံတကာဆုပထမဆုံးရရှိခဲ့တဲ့ အီရတ်နိုင်ငံသားလည်းဖြစ်ပါတယ်။
ဘဂ္ဂဒက်ကဖရန်ကင်စတိုင်းမူရင်းစာအုပ်က ယနေ့ခေတ်အီရတ်တွင် နာမည်အကျော်ကြားဆုံးဝတ္ထုများထဲတွင် ပါဝင်သည်။ စာပေဆိုင်ရာဆုများ၊ ချီးကျူးမှုများကိုရရှိခဲ့ရုံသာမက အရဗီ၊ အင်္ဂလိပ်ဘာသာတို့ဖြင့် အကြိမ်ကြိမ်ပုံနှိပ်ဖော်ပြခံခဲ့ရပြီး ဘာသာပေါင်း (၂၅) ဘာသာအထိ ဘာသာပြန်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ကျူးကျော်စစ်စတင်ပြီးနောက် အီရတ်နိုင်ငံတဝန်းအကြမ်းဖက်မှုပါဝင်သော ကသောင်းကနင်းအခြေ အနေဝဲဂယက်များထဲတွင် သေသူ၊ ရှင်သူများ မရှောင်နိုင်မကွင်းနိုင်စုပ်ယူခံခဲ့ ရပုံကို စိတ်ကူးယဉ်ဖော်ပြထားပါတယ်။
===
စာညွှန်း
[စစ်လွန်ဘဂ္ဂဒတ်မြို့ရှိ လမ်းမများပေါ်တွင် ကြောက်စရာသတ္တဝါကြီးတစ်ကောင် သောင်းကျန်းနေသည်။ လက်စားချေသည့်အနေဖြင့် လိုက်လံသတ်ဖြတ်နေခြင်းဖြစ်သည်။ သတ္တဝါကြီးသည် မတရားအသတ်ခံခဲ့ ရသူများကိုယ်စား လူသတ်ကောင်များ၊ လူယုတ်မာများကို လိုက်လံရှင်းလင်းနေခြင်းဖြစ်သည်။
သတ္တဝါကြီးကိုဖန်တီးခဲ့သူမှာ ဘာတာဝန်းရပ်ကွက်လေးရှိ ပစ္စည်းအဟောင်းရောင်းဝယ်သူ ဟာဒီဆိုသူ ဖြစ်သည်။ ဟာဒီသည် သူ၏လုပ်ဖော်ကိုင်ဖက် နာဟင်း ဗုံးကွဲမှုကြောင့်သေဆုံးပြီးနောက် စိတ်နေစိတ် ထားပြောင်းလဲခဲ့သည်။ ဗုံးကွဲမှုပြင်းထန်လွန်းသောကြောင့် နာဟင်း၏ခန္ဓာကိုယ် အစိတ်အပိုင်းများကို ရှာမရခဲ့။
ထို့ကြောင့် ဗုံးပေါက်ကွဲသည့်နေရာရှိ ရရာ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကောက်ယူကာ နာဟင်းအဖြစ် သင်္ဂြိုဟ်ခဲ့ရသည်။ ထို့နောက်တွင် ဟာဒီသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာများသို့သွားရောက်ကာ ခန္ဓာကိုယ်အစိတ်အပိုင်းများကိုစုခဲ့သည်။
တစ်ရက်တွင် အသေခံဗုံးကွဲမှုကြောင့်သေဆုံးခဲ့သည့် ဟိုတယ်လုံခြုံရေး ဂျာယာဖာသည် ပျောက်ဆုံးနေ သော ခန္ဓာကိုယ်ကိုရှာဖွေရင်း ဟာဒီစုဆောင်းထားသောရုပ်အလောင်းကြီးထဲသို့ဝင်ရောက်မိခဲ့သည်။ ထိုသတ္တဝါကြီးသည် မတရားမှုများ၊ မတရားသတ်ဖြတ်ခံရသူများအတွက် လိုက်လံလက်စားချေပေးရင်း သတ်ရမည့်သူစာရင်း မကုန်နိုင်ရှိခဲ့သည်။ အကြောင်းမှာ လူတိုင်းသည် ရာဇဝတ်ကောင်ဖြစ်နေသော ကြောင့်ပင်။ အကြမ်းဖက်မှုတိုင်းတွင် ရပ်ကြည့်နေပင်လျှင် အပြစ်ကင်းစင်သူမဟုတ်ခဲ့ပါ။ ]
| စာမျက်နှာ | 318 (woodfree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 6.1 × 0.5 × 8.8 inches |
| ပုံနှိပ်မှတ်တမ်း | ဂျာနယ်လစ်စာပေ၊ 2026 ဇူလိုင်လ (ပထမအကြိမ်) |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ