ပုဂံဘုရား ပုဂံစကား ပုဂံသား
30000 (ကျပ်)
ဒီစာအုပ်ထဲမှာ ရေးသူက ပုဂံရှိ ဗဟိဒ္ဓအလှရော၊ အဇ္ဈတ္တအလှမြင်အောင် တတ်နိုင်လောက် ဖွဲ့ဆိုကြိုးစားပြထားပါတယ်။ စာတွေ့ရော၊ ကိုယ်တွေ့ရော ဒီအတွေ့အကြုံတွေလည်း ဖော်ပြထားပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးတဲ့အခါ စိတ်ထဲမှာ ဘယ်လိုသဘောရသလဲဆိုတော့ စာဖတ်သူက တစ်ထိုင်တည်းမှာပဲ ပုဂံနှင့်ပတ်သတ်ပြီး သိစရာ၊ မှတ်စရာတွေကို အပြည့်အ၀ လုံးလုံးလျားလျား ဖန်တီးထားတာပါလားလို့ စိတ်ကူးရလိုက်ပါတယ်။ ဒါကြောင့် ပုဂံအကြောင်းနဲ့ ပတ်သတ်ပြီး သိချင်တာတွေကို ဒီစာအုပ်တစ်အုပ်ဖတ်ရုံနဲ့ တစ်ထိုင်တည်း သိသွားနိုင်တာဟာ ဒီစာအုပ်ရဲ့ ဂုဏ်တစ်ခုပါပဲ။
အရေးအသားကလဲ လေးလေးပင်ပင်မဟုတ်ပဲ ဖတ်ချင်စဖွယ်ကောင်းပါတယ်။ အချက်အလက်သက်သက် အခြောက်တိုက်ပေးတာမဟုတ်ပဲ ရသစွက်ပြီး ရေးသားတဲ့အတွက် စိုစိုပြည်ပြည် ဖြစ်ခဲ့ပါတယ်။ အစအဆုံး ဆွဲဆောင်သွားနိုင်တဲ့ အရေးအသားဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ ပုဂံနဲ့ပတ်သတ်လို့ ထုံးထမ်းစဉ်လာ အကြောင်းအရာတွေလည်း ပါတယ်။ ထုံးတမ်းစဉ်လာစာအုပ်တွေကပေးတဲ့ အချက်အလက်တွေလည်း ပါတယ်။ သုတေသနအနေနဲ့ ရေးထားတဲ့ ပညာရှင်တွေရဲ့ အဆိုအမိန့်တွေလည်းပါတယ်။ ကိုယ်တိုင် တွေ့ကြုံခံစားပြီးတော့ လေ့လာသုံးသပ်တဲ့ အချက်အလက်တွေလည်း ပါတယ်။
ထောင့်စေ့အောင် အဘက်ဘက်က ကြိုးစားထားတာတွေ တွေ့ရှိပါတယ်။ ကိုယ်တွေ့ အတွေ့အကြုံတွေထဲမှာ ပရလောကရဲ့ ဆန်းပြားပုံတွေ ဖော်ပြထားတာတွေ၊ တစ်ချိန်တုန်းက တော်တော်လေး အသံထွက်ခဲ့တဲ့ ဓမ္မပါလစစ်သူကြီးအကြောင်းလိုဟာမျိုး ပါရှိတဲ့ စိတ်ဝင်စားစရာအကြောင်းအရာများကို ဖတ်ရမှာဖြစ်ပါတယ်။
(- ၂၀၁၇ ခုနှစ် တွင် ကျင်းပသော ၁၅ကြိမ်မြောက် ဆရာဝန်တင်ရွှေစာပေဆုပေးပွဲ အခမ်းအနားတွင် ဆရာကြီး ဒေါက်တာခင်အေး (မောင်ခင်မင်(ဓနုဖြူ))၏ ဆုပေးပွဲ အကဲဖြတ်ချက်)
| စာမျက်နှာ | 496 (Burma paper) (Hard Cover) |
|---|---|
| စာအုပ်အရွယ်အစား | 6.4 x 1.1 x 9.4 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2024 ၊ အောက်တိုဘာလ (စတုတ္ထအကြိမ်) |
4 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ