လွမ်းရစ်လေဦး ပုဂံမြေ

( 0 မှတ်ချက်)

8000 (ကျပ်)

ဘုရားအိုများက မြက်ရိုင်းများကြားတွင် တိတ်တိတ်  ဆိတ်ဆိတ်။ လေအလျင်ထဲ ပျံ့လွင့်လာသည့် ကိုယ့်အသက်ရှူ သံ ကိုယ်ပြန်ကြားနေရသည်။ နံရံဆေးရေးပန်းချီများကား ပျက် ယွင်းနေပြီဖြစ်သော်လည်း အချိန်၏လက်ရာကြောင့် ပိုမိုတင့် တယ်လာသလိုမျိုး။

ကျနော် ဂူဘုရားအတွင်းသို့ ဝင်သွားခဲ့သည်။ ဂူထဲတွင် အေးမြမှောင်မိုက်နေပြီး အပြင်က နေရောင်ခြည်သည် တံခါး ပေါက်မှတစ်ဆင့် မျဉ်းတစ်ကြောင်းကဲ့သို့ ထိုးဝင်နေသည်။ ထို အလင်းတန်းအောက်တွင် ဖုန်မှုန့်လေးများ တဝဲဝဲလွင့်လျက်။ ရုတ်တရက် ကျနော့်စိတ်ထဲတွင် မေညို၏အသံ ပြန်လည်ပဲ့တင် ထပ်လာသည်။

“လူတွေက ဘာလို့ အမှတ်တရတွေကို မဖျက်ပစ်နိုင်တာလဲ သိလား ကိုကို။ တကယ်တော့ အမှတ်တရဆိုတာ ဖြစ်ခဲ့တဲ့အရာ မဟုတ်ဘူး။ ကိုယ်ဖြစ်ချင်ခဲ့တဲ့ ဘဝပဲ”

ထိုစဉ်က ကျနော် နားမလည်ခဲ့ပါ။ ယခုတော့ ဂူအတွင်း အမှောင်ထဲတွင် ရပ်နေရင်း ထက်ထက်သန်သန် နားလည်လာ ခဲ့ပါပြီ။ ကျနော် လွမ်းဆွတ်နေမိသည်မှာ မေညိုတစ်ဦးတည်းကို မဟုတ်။ မေညိုနှင့်အတူ ဖြစ်တည်ခွင့်ရနိုင်ခဲ့မည့် ဘဝတစ်ခု ကိုသာ ဖြစ်ပါသည်။
===

“လွမ်းရစ်လေဦး ပုဂံမြေ” သည် စာရေးဆရာ ကေဇော်မိုး ၏ ပုဂံမြေ၏ သမိုင်းဝင် အငွေ့အသက်များ၊ ရှေးဟောင်း စေတီပုထိုးများ၏ တိတ်ဆိတ်အေးချမ်းမှုနှင့်အတူ လူသားတို့၏ မေတ္တာ၊ သံယောဇဉ်နှင့် လွမ်းမောဖွယ် ဘဝအကောက်အကွေ့များကို လှပစွာ ယှက်နွယ် ရေးဖွဲ့ထားသည့် ရသစာအုပ်ကောင်း တစ်အုပ် ဖြစ်ပါသည်။

စာမျက်နှာ

76 (Woodfree Paper)

စာအုပ်အရွယ်အစား

5.2 x 0.1 x 7.5 inches

ပုံနှိပ်မှတ်တမ်း

ကိုလတ်စာပေ၊2026 စက်တင်ဘာလ (ပထမကြိမ်)

3 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“လွမ်းရစ်လေဦး ပုဂံမြေ” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ကေဇော်မိုး စာအုပ်များ