
ရာဇဓိရာဇ်အရေးတော်ပုံကျမ်း
7000 (ကျပ်)
မွန်တို့တွင် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းဟူ၍ သီးသန့်မရှိပေ။ သို့သော် အမည်မသိရှေးမွန်ပညာရှိများရေးသားခဲ့သည့် မွန်ပေမူဖြင့် သထုံမင်းဆက်မှ စသည့် ဥပ္ပန္နသုဝဏ္ဏဘုမ္မိအာရမ္ဘကထာကျမ်းနှင့် သုဓမ္မဝတီသီဟရာဇာဓိရာဇဝံသကျမ်း ဟူ၍ နှစ်ကျမ်းသာရှိသည်။ ဘုရင့်နောင်လက်ထက်အရောက်တွင် မှူးမတ်ကြီးတစ်ဦးဖြစ်သည့် မွန်ဝန်ကြီးဗညားဒလက ပထမကျမ်း၏ နောက်ဆုံးပိုင်းဖြစ်သည့် မဂဒူးမင်းဆက်အစမှ ရာဇာဓိရာဇ်အထိကို ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းအဖြစ် မြန်မာဘာသာသို့ ပြန်ဆိုရေးသားခဲ့သည်။ထိုကျမ်းမှာ မြန်မာဘာသာဖြင့် ပထမဆုံး ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းဖြစ်ကာ သမိုင်းပါမောက္ခ ဒေါက်တာ နိုင်ပန်းလှ ရေးသားသည့် ရာဇာဓိရာဇ် အရေးတော်ပုံကျမ်းမှာ မြောက်များလှစွာသော ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းများအနက်မှ နောက်အကျဆုံးနှင့် အပြည့်စုံဆုံးသော ကျမ်းဖြစ်ပေသည်။ ထိုကျမ်းမှာ ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့အနီးရှိ ပတ်လတ်ရွာမှတွေ့ရှိသည့် မွန်ပေမူကို ပြန်လည်ပုံနှိပ်ထားသည့်ကျမ်းအား အခြေပြု၍ အခြားမြန်မာ-မွန်ပေမူများ၊ ပုံနှိပ်မူများ၊ ဦးကုလား၊ မှန်နန်းအစရှိသည့် ရာဇဝင်ကျမ်းများကို ညီညွတ်နိုင်သမျှ ညီညွတ်စေရန် တိုက်ဆိုင်စစ်ဆေးကာ ရေးသားထားခြင်းဖြစ်ပေသည်။
စာမျက်နှာ | 399 |
---|---|
စာအုပ်အရွယ်အစား | 6 x 0.6 x 8.8 inches |
ပုံနှိပ်မှတ်တမ်း | အားမာန်သစ်စာပေ၊ 2005 မတ်လ (အဋ္ဌမ-ကြိမ်) |
စျေးနှုန်းအပြောင်းအလဲ | 7.12.2022 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 7000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
31 in stock
ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ