ဒေးလ်ကာနတ်ဂျီ၏နားထောင်မှုအနုပညာ
8000 (ကျပ်)
စာအုပ်တွင် လူအများ စကားပြောဆိုရာ၌ နားထောင်နိုင်စွမ်း မည်သို့မည်ပုံ ပျိုးထောင်သင့် ကြောင်းနှင့်နားထောင်မှုစွမ်းရည် မြှင့်တင်ခြင်းတို့ကို လက်ခံသူဆိုင်ရာ အချက်များ၊ ပေးပို့သူ အကြောင်း အရာများ၊နားမထောင်တတ်တဲ့ သင်! ဆက်သွယ်ရေး ပြတ်တောက်မှုများ၊ ထိရောက် သည့် နားထောင်မှု နည်းလမ်းများ ဟူ၍ အပိုင်းလေးပိုင်းခွဲကာ ရေးသား ဖော်ပြထားသည်။
ဤစာအုပ် တစ်နေရာတွင် ” နားထောင်ခြင်းဟာ စကားဝိုင်းတစ်ခုရဲ့တစ်ဖက်ခြမ်းသာဖြစ်ပေမဲ့ မကြာခဏ ဆိုသလို ပစ်ပယ်ခံရတဲ့ ဘက်ခြမ်းဖြစ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ နားထောင်သူတစ်ယောက် ဖြစ်လာဖို့ ပထမဆုံးခြေလှမ်းက ထိရောက်တဲ့ နားထောင်ခြင်းဟာ ဒိုင်းနမစ်ဖြစ်စဥ် (dynamic Process) တစ်ခုဖြစ်တယ် ဆိုတာကို အသိအမှတ် ပြုဖို့ပါပဲ။ ဒါဟာ သင့်ရဲ့ကိုယ်ပိုင် စစ်ထုတ်မှုတွေနဲ့ စိတ်ဘောင်တွေကို နားလည်ခြင်း၊ သတင်းစကားကိုယ်တိုင်ကို သက်ရောက်မှုရှိတဲ့ အချက်တွေကို အသိအမှတ်ပြုခြင်းနဲ့ တခြားလူ တစ်ယောက်ရဲ့စစ်ထုတ်မှုတွေနဲ့ စိတ်ဘောင်တွေ အပေါ် သင့်ရဲ့ယူဆချက်တွေကို စိန်ခေါ်ခြင်း ဖြစ်ပါတယ် ” ဟု ဖတ်ရမှာဖြစ်ပါတယ်။
===
လူတွေနဲ့ ကောင်းမွန်အောင် ဆက်သွယ်ချင်သူတိုင်း၊ လွယ်ကူတဲ့ ဆက်ဆံရေးစွမ်းအားကို တိုးတက်စေသူတိုင်း၊ အလုပ်၊ မိတ်ဆွေ၊ မိသားစု ဆက်ဆံရေးကို ချောမွေ့စေသူတိုင်း ယခုစာအုပ်ကို ဖတ်သင့်ပါတယ်
| စာမျက်နှာ | 221 (Woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိတ်ကူးချိုချိုစာပေ၊ 2025 ဒီဇင်ဘာလ (ပထမအကြိမ်) |
8 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ