ပရိတ်ကြီး ၁၁သုတ်လာ ဘဝနေနည်းအနုပညာ

( 15 မှတ်ချက်)

6500 (ကျပ်)

ပရိတ်တော်တွေဆိုတာ အန္တရာယ်ကင်းအောင် ရွတ်ဖတ်ရတဲ့ ဂါထာတွေသက်သက်လားလို့မေးရင် ဒီစာအုပ်က အဲဒီအဖြေကို ပြောင်းလဲပစ်မှာပါ။

ပရိတ်တော်တွေဟာ ကာကွယ်စောင့်ရှောက်မှုရဲ့ သင်္ကေတတွေဖြစ်ပေမဲ့ တစ်ဘက်မှာလည်း လူသားတစ်ယောက်ဘဝမှာ ကြုံတွေ့ရတဲ့ ပြဿနာအဖြာဖြာ၊ စိတ်ပိုင်းဆိုင်ရာ အတက်အကျ၊ လူမှုဆက်ဆံရေး အတက်အကျ၊ ကိုယ်ကျင့်တရားနဲ့ နိဗ္ဗာန်အထိ လျှောက်လှမ်းရမဲ့ ခရီးစဉ်တစ်ခုလုံးကို စနစ်တကျ လမ်းညွှန်ထားတဲ့ ဘဝနေနည်း လက်စွဲစာအုပ် ဖြစ်နေတာကို ဒီစာအုပ်မှာ တွေ့ရမှာပါ။ ဒီစာအုပ်ဟာ ပရိတ်တရားတော်တွေကို ပါဠိသဒ္ဒါနည်းအရ ဖွင့်ဆိုရှင်းပြထားတဲ့ ကျမ်းစာအုပ် မဟုတ်ပါဘူး။

ဒီစာအုပ်မှာ ခုခေတ်လူငယ်တွေ လိုအပ်နေတဲ့ ဘဝမှာ တိုးတက်အောင်မြင်ပျော်ရွှင်ငြိမ်းချမ်းရေး
အတွက် ပရိတ်တရားတော်လာ အဆုံးအမတွေကို “လက်တွေ့ဘဝ အသုံးချနည်းပညာ” (Applied Dhamma) အနေနဲ့ ပြန်လည်တင်ဆက်ထားခြင်းသာ ဖြစ်ပါတယ်။

ဒီစာအုပ်ဟာ ခေတ်သစ်လူငယ်တွေအတွက် ရှေးဟောင်းပညာ (Ancient Wisdom) နဲ့ ခေတ်မီ တွေးခေါ်မှုတို့ကို ပေါင်းကူးပေးမဲ့ လက်စွဲစာအုပ်တစ်အုပ်ပါ။ ပရိတ်တော်မှာ မြှုပ်နှံထားတဲ့ “ဘဝနေနည်း ဗျူဟာများ” (Life Strategies) ကို ဖော်ထုတ်ပေးမဲ့ လမ်းပြမြေပုံတစ်ခုပါ။

စာမျက်နှာ

101(𝐖𝐨𝐨𝐝𝐟𝐫𝐞𝐞 𝐏𝐚𝐩𝐞𝐫)

စာအုပ်အရွယ်အစား

5.2 x 0.2 x 7.5 inches

ပုံနှိပ်မှတ်တမ်း

သားငယ်စာအုပ်တိုက်၊ 2026 ဧပြီလ (ပထမအကြိမ်)

8 in stock

ပရိတ်ကြီး ၁၁သုတ်လာ ဘဝနေနည်းအနုပညာ အား ဝေဖန်သုံးသပ်မှု 15 ရှိပါသည်။

  1. Sunset lover –

    ပရိတ်တော်မှအဆုံးအမများကို လက်တွေ့နယ်ပယ်မှာအသုံးချနိုင်ဖို့လိုရင်းတိုရှင်းရေးသားထားတဲ့စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ်။

  2. White Rose –

    တိုးတက်ဖို့အတွက်ကော စိတ်ချမ်းသာဖို့အတွက်ပါဖတ်သင့်သောစာအုပ်ကောင်းတစ်အုပ်ပါ။

  3. ဖြိုး –

    ပရိတ်ရွတ်တာကနေ ပရိတ်ကျင့်တာ၊
    ပရိတ်ကြီးကို
    ဘဝလမ်းညွှန်အဖော်မွန်အဖြစ် အသုံးချနည်း ကို ဖတ်ရှုလေ့လာဖို့ စာအုပ်ပါ

  4. NayNi –

    ဒီ ပရိတ်ကြီး ၁၁ သုတ်လာ ဘဝနေနည်း အနုပညာ စာအုပ်ဟာဆိုရင်ဖြင့် သုတ္တန် တစ်ခုချင်းစီရဲ့ အဓိက ကျတဲ့ အချက်လက်တွေကို လိုရင်းတိုရှင်းနဲ ထိထိမိမိလေး နားလည်ရလွယ်ကူအောင် ရေးပေးထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ်ပါပဲ

  5. Kan –

    ပရိတ်ကြီး ၁၁ သုတ်လာဘဝနေနည်းအနုပညာက ပရိတ်ကြီးအပေါ် ထားရှိတဲ့ အမြင်ရှုထောင့်သစ်ကို ရရှိစေပါတယ်။ စာရေးသူ အရှင်ဉာဏဝရ ဒီလို စာပေများများ ရေးသားနိုင်ပါစေ

လူကြီးမင်း၏ ဝေဖန်သုံးသပ်ချက်ကို မျှဝေပေးပါ...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

အရှင်ဉာဏဝရ(ပါရမီ) စာအုပ်များ