အာဆင်ဝင်းဂါး သို့မဟုတ် ရှုံးပွဲမရှိရွှေဖလားပိုင်ရှင်

( 0 မှတ်ချက်)

10000 (ကျပ်)

Premier league ရဲ့ ရှုံးပွဲမရှိ ရွှေဖလားရရှိခဲ့တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြ အာဆင်ဝင်းဂါးရဲ့ အတ္ထုပ္ပတ္တိ ..

ဒီစာအုပ်ထဲမှာတော့ အာဆင်ဝင်းဂါးရဲ့ ငယ်ဘဝအကြောင်းကနေ ဖီဖာအဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်အထိ အကြောင်းအရာတွေကို မြင်တွေ့ရမှာဖြစ်ပါတယ် ..

ရွာလေးတရွာမှာ မွေးဖွားခဲ့ပြီး ကလေးဘဝကတည်းက ဘောလုံးကစားနည်းကို ရူးသွပ်ခဲ့တဲ့ အာဆင်ဝင်းဂါးဟာ တနေ့ကျရင် အောင်မြင်တဲ့ နည်းပြတယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ .. ဘောလုံးကစားရတာထက် သူ့ရဲ့ အားသာချက်က နည်းပြ ဖြစ်မယ်လို့ အမြင်ရှိခဲ့တဲ့ သူဟာ နည်းပြ ဘဝကို ကိန်းစ်နဲ့ နန်စီမှာ အစပြုခဲ့တယ် ..

မိုနာကိုနဲ့ ဂျပန်မှာ နည်းပြခဲ့တဲ့ အတွေ့အကြုံတွေကလည်း သူ့ရဲ့အိမ်လို့ တင်စားပြောဆိုရလောက်တဲ့ အာဆင်နယ်အသင်း ရှုံးပွဲမရှိ ရွှေဖလားရဖို့ အထောက်အပံ့တွေ ဖြစ်ခဲ့ပါတယ် ..

ပရိသတ်တွေရဲ့ အားပေးကြမ်းမှုတွေကြောင့် ဟိုက်ဘူရီကနေ အမ်းမရိတ်စ်ကို ပြောင်းရွှေ့ခဲ့ရတဲ့ ခရီးလမ်းကတော့ ကြမ်းတမ်းခဲ့တယ်လို့ ဆိုရမှာပါပဲ .. အမ်းမရိတ်စ်ကို ရောက်ရှိလာတဲ့ ခေတ်သစ် အာဆင်နယ်ဟာ ဘာတွေ ဆက်ဖြစ်ကုန်လဲ ဆိုတာကတော့ .. အာဆင်ဝင်းဂါးကတော့ သူတတ်ကျွမ်းတဲ့ ဘောလုံးနည်းပညာတွေနဲ့ ဖီဖာအဖွဲ့ချုပ်မှာ တာဝန်ထမ်းဆောင်နေခဲ့ပါပြီ ..

အာဆင်ဝင်းဂါးကြောင့် အာဆင်နယ်ဟာ ရှုံးပွဲမရှိ ရွှေဖလား ရရှိခဲ့တာ ဖြစ်တယ်ဆိုလည်း မမှားသလို အာဆင်နယ်ကြောင့် အာဆင်ဝင်းဂါး အောင်မြင်ခဲ့တာဆိုလည်း ဟုတ်တယ်ပြောရမှာပါပဲဖြစ်ပါတယ်။

စာမျက်နှာ

184(Woodfree paper)

စာအုပ်အရွယ်အစား

5.5× 0.3×8.1 inches

ပုံနှိပ်မှတ်တမ်း

စာရိပ်မြိုင်စာပေ 2025 ဩဂုတ်လ ၊ ( ပထမအကြိမ်)

9 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“အာဆင်ဝင်းဂါး သို့မဟုတ် ရှုံးပွဲမရှိရွှေဖလားပိုင်ရှင်” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

မိုတေး စာအုပ်များ