ညီတော်အာနန္ဒာ (ခေါ်) အရှင်အာနန္ဒာဝတ္ထု

( 0 မှတ်ချက်)

40000 (ကျပ်)

ဗုဒ္ဓနှင့် ဗုဒ္ဓဘာသာသည် ခွဲခြမ်းမရနိုင်အောင် ဆက်စပ်နေသကဲ့သို့ ဗုဒ္ဓဘာသာနှင့် အရှင်အာနန္ဒာလည်း ခွဲခြမ်းမရနိုင်အောင် ဆက်စပ်နေပါသည်၊ ဗုဒ္ဓကို သရုပ်ဖော်လျှင် ဗုဒ္ဓဝါဒ၊ ဗုဒ္ဓဘာသာသည် အလိုလိုပါလာရသကဲ့သို့ အရှင်အာနန္ဒာကို သရုပ်ဖော်သဖြင့် ဗုဒ္ဓလည်း အလိုလို သရုပ်ပေါ်လျှက် ရှိပါသည်။

ထို့ကြောင့် ဤအရှင်အာနန္ဒာဝတ္ထုတွင် အရင်းခံအရှင်အာနန္ဒာ၏ အကြောင်းအရာ အဖြစ်သနစ်များသာမက ဗုဒ္ဓ၏သာသနာပြုလုပ်ငန်း၊ ဗုဒ္ဓ၏အနေအထိုင် ၊ အပြုအမူ၊ အပြောအဆို ၊ မိန့်ခွန်းတော်များ၊ ဟောပြောချက်များ၊ သဘာဝဖြစ်စဉ်များလည်း ပါဝင်လျက် ရှိကြပါသည်။ ဗုဒ္ဓဘာသာဝင် ဥပါသကာ ဥပါသိကာများ ဖြစ်ကြသော ဗိမ္မိသရမင်း၊ ကောသလမင်း၊ ဥတေနမင်း၊ ဝိသာခါ၊ အနာထပိတ်၊ စိတ္တသူကြွယ်၊ သာမာဝတီ၊ ဗုဒ္ဓ၏ ဆန့်ကျင်ဘက် ရန်သူများဖြစ်ကြသော ဒေဝဒတ်၊ မာဂဏ္ဍီ၊ သုန္ဒရပရိဗိုဇ်မ စသည်တို့၏အကြောင်းအရာများလည်း ပါဝင်လျက်ရှိကြပါသည်။

အချုပ်အားဖြင့်ဆိုလျှင် ဗုဒ္ဓ၏ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိချိန်မှစ၍ ပရိနိဗ္ဗာန် စံလွန်တော်မူသည်အထိ အဖြစ်သနစ်များနှင့် ဗုဒ္ဓဘာသာ စတင်ပေါ်ပေါက်သည့် အချိန်မှစ၍ ပထမသင်္ဂါယနာ တင်ပြီးသည့် အချိန်အထိ ဗုဒ္ဓဘာသာ၏ အကြောင်းအရာများ ပါရှိနေကြပါသည်။

တစ်နည်းအားဖြင့်ဆိုလျှင် ဤ ” ဓမ္မဏ္ဍာဂါရိက အရှင်အာနန္ဒာ” ဝတ္ထုသည် ဗုဒ္ဓဘာသာရုပ်လုံးဖော် ဝတ္ထုတစ်ပုဒ်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ဤဝတ္ထုသည် ဗုဒ္ဓဝါဒနှင့် ဗုဒ္ဓယဉ်ကျေးမှုများ ထွန်းကား၍ အရည်တည်တံ့ရေးကို အထောက်အကူ ပြုနိုင်လိမ့်မယ်ဟု ယုံကြည်မျှော်လင့်ပါသည်။

စာမျက်နှာ

538 (Hard Cover)

စာအုပ်အရွယ်အစား

7.5 x 1.1 x 10.5 inches

ပုံနှိပ်မှတ်တမ်း

ပြည်မြန်မာစာပေ၊ 2023 ဇူလိုင်လ (ဒုတိယအကြိမ်)

စျေးနှုန်းအပြောင်းအလဲ

30.6.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 40,000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။

4 in stock

ဝေဖန်သုံးသပ်မှုများ

ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ

“ညီတော်အာနန္ဒာ (ခေါ်) အရှင်အာနန္ဒာဝတ္ထု” စာအုပ်အပေါ် လူကြီးမင်း၏ အမြင်ကို ဝေဖန်သုံးသပ်နိုင်ပါသည်...

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

ဦးအောင်မိုး(ပါဠိ ပါရဂူ) စာအုပ်များ