အလီဘာဘာနှင့် ဘုန်းကြီးကိုကို
3500 (ကျပ်)
နေ့စဉ်ဘဝမှာ ကြုံတွေ့ရတဲ့ ဖြစ်ရပ်တွေကို သတိထားကြည့်ရှုခြင်းဟာ ခေတ်တစ်ခုကို မျက်ခြေမပြတ် စောင့်ကြည့်ခြင်းပါ။ အဲသလို စောင့်ကြည့်ပြီး မြင်သမျှ၊ တွေ့သမျှကို မှတ်တမ်းပြုခြင်းဟာလည်း ခေတ်တစ်ခုရဲ့ ပုံရိပ်ကို ဖမ်းယူထားခြင်းပါပဲ။
ဆရာမ စူးစူး(ကောလင်း)က ဧည့်လမ်းညွှန်တစ်ယောက်အဖြစ် အသက်မွေးဝမ်းကျောင်းပြုရင်း နေ့စဉ် ကြုံတွေ့ရသမျှကို သတိထားကြည့်ရှုပြီး သူ မြင်သမျှ၊ တွေ့သမျှလေးတွေကို ဆောင်းပါးလေးတွေရေးပြီး မှတ်တမ်းပြုသတဲ့။
သူ ရောက်ရှိရာ နိုင်ငံအတော်များများက ဖြစ်ရပ်လေးတွေကို ကြည့်ပြီး အမိမြန်မာပြည်မှ အဖြစ်တွေနဲ့ ယှဉ်ထိုး ချိန်ဆလို့ အတုယူသင့်တာ အတုယူဖို့၊ ရှောင်ကြဉ်သင့်တာ ရှောင်ကြဉ်ဖို့ News Watch (စောင့်ကြည့်သတင်း ဂျာနယ်) မှာ ဆောင်းပါးလေးတွေ အပတ်စဉ်ရေးပြီး ပြည်သူလူထုထံ အသိပေးခဲ့တယ်။
တချို့ကိစ္စလေးတွေကို ပြုပြင်စေလို့တဲ့ စေတနာအရင်းအမှန်နဲ့ ကလော်ခြင်းမပါဘဲ သရော်ခြင်း သပ်သပ်နဲ့ အသိပေးတယ်။ တချို့ကိစ္စလေးတွေကို လိုက်နာစေလိုတဲ့ စေတနာနဲ့ ဆရာလုပ်ခြင်း မဟုတ်ဘဲ ဧည့်လမ်းညွှန်ပီပီ နည်းပေးလမ်းညွှန် လုပ်တယ်။ တချို့ကိစ္စလေးတွေကို ရှက်တတ်စေလိုတဲ့ စေတနာနဲ့ နှိပ်ကွပ်ခြင်း မပါဘဲ စံပြဖြစ်ရပ်တစ်ခုခုနဲ့ ချိန်ဆပြတယ်။
| စာမျက်နှာ | 185 |
|---|---|
| စာအုပ်အရွယ်အစား | 5.6x 0.4 x8.2 inches |
| ပုံနှိပ်မှတ်တမ်း | ဇလပ်နီစာပေ၊ 2020 ဇန်နဝါရီလ၊ (ပထမ-ကြိမ်) |
Out of stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ