တိတ်ဆိတ်ခြင်းမှ အေးချမ်းခြင်းဆီသို့
7000 (ကျပ်)
‘’အေးအေးချမ်းချမ်းပဲ လူတစ်ယောက်ကိုချစ်တယ် ။
ရိုးရှင်းသောအိပ်မက်တွေဆီသို့
ဖြည်းဖြည်းချင်း လျှောက်လှမ်းမယ် ။ချစ်တဲ့သူတွေကို စိတ်ချမ်းသာအောင် ထားမယ်
လူတွေကို တတ်နိုင်သလောက် ပေးကမ်းမယ် ။ဒီဘဝတော့ ဒီလောက်ပါပဲ’’
ရေလို အေးမြကြည်လင်တဲ့ အတွေးစာစုလေးတွေကို ယခုစာအုပ်ထဲမှာ ဖတ်ရှုရမှာပဲဖြစ်ပါတယ်။ ငြိမ်ငြိမ်သက်သက် စိတ်ကလေးနဲ့ ဘဝကိုရိုးရိုးရှင်းရှင်းနေဖို့အတွက် ဒီစာအုပ်လေးဟာ အနားမှာရှိနေပြီးတော့ စာဖတ်သူတွေရဲ့ စိတ်ကို တည်ငြိမ်မှု၊ ကြည်လင်မှု၊ လွတ်လပ်မှုနဲ့ ရွှင်လန်းမှုကို ရယူနိုင်အောင် ကူညီပေးပါလိမ့်မယ်။ စာအုပ်လေးကို ဖတ်ရှုနေတုန်းမှာပဲ ငြိမ်သက်ပြီး အေးချမ်းနေတဲ့စိတ်ကို ရရှိခံစားနိုင်မှာဖြစ်ပါတယ်။
| စာမျက်နှာ | 100 |
|---|---|
| စာအုပ်အရွယ်အစား | 5.6 x 0.3 x 8.4 inches |
| ပုံနှိပ်မှတ်တမ်း | ကိုလတ်စာပေ၊ 2024 မေလ ( ဒုတိယအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 24.9.2024 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် ၇၀၀၀ စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
Out of stock





Eain Eain –
(Honest review!)
အေးချမ်းခြင်းကို ခံစားမိပါရဲ့။ စာရေးသူရဲ့ စကားလုံး ရွေးချယ်မှုကို သိပ်အားမရလှ။ facebook ပေါ်မှာ တစ်နေ့တစ်ပုဒ် သို့မဟုတ် တစ်ပတ်တစ်ပုဒ် တင်ရင် ဖတ်လို့ကောင်းမှာမှန်ပေမယ့် အခုလို စာအုပ်ထုတ်လိုက်တဲ့အခါ တစ်ရွက်ပြီး တစ်ရွက်လှန်ပါများတော့ စာဖတ်သူဟာ အကြောင်းအရာကို မှန်းဆပြီးသားဖြစ်နေတယ်။ ဥပမာ – ပန်း၊ စာအုပ်၊ မိဘ။
နိဂုံးချုပ် တစ်ကြောင်းထဲပြောရရင် စကားလုံးတွေ အရမ်းထပ်လွန်းပါတယ်။