ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ဖို့
7500 (ကျပ်)
ဘဝမှာ ပိုမိုကောင်းမွန်တဲ့လူငယ်တစ်ယောက်ဖြစ်ဖို့အတွက် လူမှုအသိုင်းအဝန်းတစ်ခုမှာ စကားကို အဆင်ပြေ ချောမွေ့စွာပြောသင့်ကြောင်း၊ တစ်စုံတစ်ခုကို စတင်လုပ်ဆောင်တဲ့အခါ မကြောက်ဘဲ စိုးရိမ်စိတ်တွေ လျှော့ချသင့်ကြောင်း၊ overthinking အတွေးလွန်ခြင်းတွေက စိတ်ရော လူပါ ပင်ပန်းရတာမို့ အတွေးမလွန်သင့်ကြောင်း သူများစကားတွေ နားမယောင်ဘဲ ကိုယ့်စည်းကမ်းအတိုင်းသာ ရှင်သန်ပြီး ပစ္စုပ္ပန်မှာသာ နေထိုင်သင့်ကြောင်း၊ ကိုယ့်အပေါ် မကောင်းတဲ့သူအချို့အပေါ် လိုအပ်တာထက် ပိုကောင်းပြနေတာတွေလျှော့ပြီး ကိုယ့်ကိုယ်ကိုယ် ပိုချစ်သင့်ကြောင်း၊ Positive Vibes ရှိတဲ့သူတွေနဲ့သာ ပေါင်းသင်းဆက်ဆံပြီး ပိုမိုတိုးတက်အောင် ကြိုးစားသင့်ကြောင်း၊ ပိုက်ဆံရှာနိုင်တဲ့သူတစ်ယောက်ဖြစ်ဖို့ ပိုက်ဆံပိုမိုကြိုးစားရှာသင့်ကြောင်း စတဲ့ အကြောင်းတရားတွေနဲ့ စာအုပ်ကို ရေးသားထားပါတယ်။
ဒီစာအုပ်လေးမှာ ချမ်းသာရေးနည်းလမ်းတွေမပါသလို စိတ်ကူးယဉ်အရမ်းဆန်တာတွေလည်း မပါပါဘူး။ ဒီစာအုပ်လေးဖတ်ပြီး နေ့ရက်တိုင်းမှာ အေးချမ်းပျော်ရွှင်မှုတွေ ဖန်တီးနိုင်ပြီး ပိုမိုကောင်းမွန်တဲ့လူတစ်ယောက်ဖြစ်ဖို့ အတွေးအမြင်ကောင်းတွေ ရရှိနိုင်မှာဖြစ်ပါတယ်။
စိတ်ကြည်လင်စေမယ့် အကြည်ဓာတ်ရဖို့ ၊ ခက်ခဲနေတဲ့ ဘဝမှာ စိတ်ထားတတ်ဖို့ ၊ ဘဝနေထိုင်တတ်ဖို့နည်းလမ်းများ စတဲ့ စာဖတ်သူတို့ အတွက် အကျိုးရှိစေမယ့် စာစုများကို စုစည်းထားတဲ့ စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါတယ် ။
| စာမျက်နှာ | 139(woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.4 ×0.3 ×8.1 inches |
| ပုံနှိပ်မှတ်တမ်း | Book Case By Saw ၊ 2025 ဇွန်လ(ပထမအကြိမ်) |
7 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ