နည်းနည်းလုပ်များများရ ၈၀/၂၀နိယာမ
16000 (ကျပ်)
သင့်ဘဝကို ပိုမိုထိရောက်၊ ပိုမိုပျော်ရွှင်စေမယ့် လျှို့ဝှက်ချက်များကို ရှာဖွေလိုက်ပါ!
ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဒီခေတ်ကြီးထဲမှာ အချိန်ကုန်သက်သာပြီး အကောင်းဆုံး ရလဒ်တွေ ရဖို့၊ လုပ်ငန်းခွင်နဲ့ ကိုယ်ပိုင်ဘဝမှာ ဟန်ချက်ညီညီ ပျော်ရွှင်ကျေနပ်နေနိုင်ဖို့ဆိုတာ ခက်ခဲနေပြီလား?
သင့်ကို ကူညီပေးမယ့်၊ ကမ္ဘာကျော်ပြီး လက်တွေ့ကျတဲ့ နိယာမတွေ၊ သဘောတရားတွေကို တင်ပြထားတဲ့ စာအုပ်နဲ့ မိတ်ဆက်ပေးပါရစေ!
(The 80/20 Principle)
ဒီစည်းမျဉ်းကတော့ မည်သည့်နယ်ပယ်မှာမဆို ၂၀ ရာခိုင်နှုန်းသော အားစိုက်ထုတ်မှု သို့မဟုတ် အကြောင်းတရားများက ၈၀ ရာခိုင်နှုန်းသော ရလဒ် သို့မဟုတ် အကျိုးဆက်များကို ဖြစ်ပေါ်စေနိုင်သည် ဆိုတဲ့ message ကို အဓိကပေးပါတယ်။ ဒီနိယာမကို နားလည်ခြင်းအားဖြင့်:
•
အချိန်နည်းနည်းနဲ့ အကျိုးအမြတ်များများ ရယူနိုင်မယ်။
•
လုပ်စရာ အလုပ်တွေထဲက တကယ်အရေးကြီးတဲ့ ၂၀ ရာခိုင်နှုန်းကို ဦးစားပေးရွေးပြီး စိတ်ပါလက်ပါ လုပ်ဆောင်နိုင်မယ်။
•
စီးပွားရေးလုပ်ငန်း (ရောင်းအား၊ ဖောက်သည်၊ ကုန်ကျစရိတ်၊ အမြတ်အစွန်း၊ အရည်အသွေးထိန်းချုပ်မှု) မှာ အသုံးချပြီး စွမ်းဆောင်ရည် မြှင့်တင်နိုင်မယ်။
•
ကိုယ်ရေးကိုယ်တာ ဘဝ (အချိန်စီမံခန့်ခွဲမှု၊ ရည်မှန်းချက်ချမှတ်ခြင်း၊ အကျင့်ကောင်းများ) ကို တိုးတက်အောင် လုပ်ဆောင်နိုင်မယ်။
•
အရေးကြီးတဲ့ အနည်းစု (Vital Few) ကို ဖော်ထုတ်ပြီး အဲဒီအပေါ် အာရုံစိုက်ဖို့ သင်ယူနိုင်မယ်။
ဒီစည်းမျဉ်းဟာ ယေဘုယျ လမ်းညွှန်ချက် (Guide Line) သာ ဖြစ်ပြီး၊ အမြဲတမ်း ပုံသေ သို့မဟုတ် ၈၀-၂၀ အတိအကျ မဟုတ်ကြောင်း၊ နဲ့ အရေးကြီးတဲ့ ၂၀ ရာခိုင်နှုန်းက အချိန်နဲ့အမျှ ပြောင်းလဲနိုင်ကြောင်း စတဲ့ ကန့််သတ်ချက်တွေကိုလည်း သိရှိထားဖို့ လိုအပ်ပါတယ်။
ဒီစာအုပ်မှ သင့်ဘဝအောင်မြင်မှု ရဖို့အတွက် လက်တွေ့ကျကျ အသုံးချနည်းလမ်းတွေ၊ ဦးစားပေး လုပ်ဆောင်ရမယ့် အရာတွေနဲ့ တန်ဖိုးရှိတဲ့ ထိုးထွင်းသိမြင်မှုပေါင်းများစွာကို ရှာဖွေလိုက်ပါ။
| စာမျက်နှာ | 292 (woodfree paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.9 x 0.5 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | စိုးစံစာပေ၊ 2025 ဇွန်လ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 7.7.2026 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 16000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
6 in stock





ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ