စီမံခန့်ခွဲမှုအကြံဉာဏ် ၁၂၀
13000 (ကျပ်)
မိမိရဲ့ဘဝတက်လမ်း တိုးမြင့်ခိုင်မာအောင် တည်ဆောက်နေကြသူ တွေ၊ မိမိရဲ့လုပ်ငန်းမှာ အများရှေ့က ဦးစီးဦးဆောင် လုပ်နေကြရသူတွေ အနေနဲ့ စီမံခန့်ခွဲမှုဉာဏ်ပညာ အရည်အသွေးကို ပြည့်မီအောင် ဖြည့်ဆည်း ထားကြဖို့ လိုပါတယ်။ ဒါမှသာ တန်ဖိုးရှိရှိ ဖြတ်သန်းနိုင်မယ့် ကိုယ်ပိုင်ဘဝ၊ အောင်မြင်ပြီး ရေရှည်ရပ်တည်နိုင်မယ့် လုပ်ငန်းအဖွဲ့အစည်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ နည်းမှန်လမ်းမှန် ပျိုးထောင်နိုင်မှုကြောင့် လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးမြင့်မားတဲ့ဝန်ထမ်းတွေကိုလည်း မွေးထုတ် ရယူနိုင်ပါမယ်။ ယခုစာအုပ်က Harvard Business Review က ထုတ်ဝေထားတဲ့ Management Tips 2 ကို ဘာသာပြန်ဆို ထားတာဖြစ်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက် ၁၂၀ ကို ကျစ်ကျစ်လျစ်လျစ် ထိထိမိမိ ဖော်ပြထားပါတယ်။ စီမံခန့်ခွဲမှုဆိုင်ရာ အကြံဉာဏ်တွေကို အချိန်တိုအတွင်းမှာ နည်းနာယူနိုင် ကျင့်သုံးနိုင်မှာ ဖြစ်တာကြောင့် စီစဉ်ထုတ်ဝေလိုက်ခြင်း ဖြစ်ပါတယ်။
ဘဝမှာ မိမိကိုယ်ကို စနစ်တကျ စီမံခန့်ခွဲမှုရှိသူနဲ့ မရှိသူ၊ မိမိလုပ်ငန်းနဲ့ မိမိရဲ့ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းတွေအပေါ် စနစ်တကျ စီမံခန့်ခွဲမှု ရှိသူနဲ့ မရှိသူတွေဟာ ရေရှည်မှာ (ရပ်တည်မှု၊ အောင်မြင်မှုအနေနဲ့) သိသာထင်ရှားစွာ ကွာဟသွားလေ့ရှိ ပါတယ်။ မိမိရဲ့ ဘဝတက်လမ်း တိုးမြင့် ခိုင်မာအောင် တည်ဆောက်နေကြသူတွေ၊ မိမိရဲ့လုပ်ငန်းမှာ အများရှေ့က ဦးစီးဦးဆောင် လုပ်နေကြရသူတွေအနေနဲ့ စီမံခန့်ခွဲမှုဉာဏ်ပညာ အရည်အသွေးကို ပြည့်မီအောင် ဖြည့်ဆည်းထားကြဖို့ လိုပါတယ်။ ဒါမှသာ တန်ဖိုးရှိရှိ ဖြတ်သန်းနိုင်မယ့် ကိုယ်ပိုင်ဘဝ၊ အောင်မြင်ပြီး ရေရှည်ရပ်တည်နိုင်မယ့် လုပ်ငန်းအဖွဲ့အစည်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့နည်းမှန်လမ်းမှန် ပျိုးထောင်နိုင်မှုကြောင့် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ အရည်အသွေးမြင့်မားတဲ့ ဝန်ထမ်းတွေကိုလည်း မွေးထုတ်ရယူနိုင်ပါမယ်။
ယခုစာအုပ်က Harvard Business Review က ထုတ်ဝေထားတဲ့ Management Tips 2 ကို ဘာသာပြန်ဆိုထား တာဖြစ်ပြီး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက် ၁၂၀ ကို ကျစ်ကျစ်လျစ်လျစ် ထိထိမိမိ ဖော်ပြထားပါတယ်။ စီမံခန့်ခွဲမှုဆိုင်ရာ အကြံ ဉာဏ်တွေကို အချိန်တိုအတွင်းမှာ နည်းနာယူနိုင် ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။
စာမြည်း
ကိုယ်ပိုင်ဒဿနနဲ့နေပါ ၊ ဘယ်အချိန်မဆို ယုံကြည်မှုရှိရှိ ဦးဆောင်ပါ ၊ တွေးတောဆင်ခြင် သုံးသပ်နိုင်စွမ်း ၊ တိုးတက် အောင်လုပ်ပါ ၊ အရင်ကအမှားတွေကို ကျော်လွန်ရှေ့ဆက်ပါ ၊ တီထွင်ဖန်တီးနိုင်စွမ်း ခြောက်ခန်းမှုမှ ဖောက်ထွက်ပါ ၊ ကျရှုံးမှု တွေကို ဝန်ခံပါ ၊ အလုပ်ဝန်ပိမှုကို လျှော့ချပေးပါ ၊ အဖွဲ့သားတွေရဲ့ ယုံကြည်မှုကို ရယူပါ ၊ မလိုလားအပ်တဲ့ ပြိုင်ဆိုင်မှုမျိုးတွေ မရှိအောင်ထိန်းကျောင်းပါ ၊ မနာလိုစိတ်ကို သင့်အဖွဲ့ထဲမှာ နေရာမပေးပါနဲ့ . . .
အစရှိတဲ့ မိမိကိုယ်ကို စီမံခန့်ခွဲမှုဆိုင်ရာ၊ အလုပ်နဲ့ ဝန်ထမ်း စီမံခန့်ခွဲမှုဆိုင်ရာ အကြံဉာဏ်များ
| စာမျက်နှာ | 197 (WoodFree Paper) |
|---|---|
| စာအုပ်အရွယ်အစား | 5.5x 0.4 x 8.2 inches |
| ပုံနှိပ်မှတ်တမ်း | တူဒေးစာပေ၊ 2025 မေလ (ပထမအကြိမ်) |
3 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ