ခေါင်းဆောင်တိုင်းအတွက် အောင်မြင်ရေးအခြေခံမူများ
9000 (ကျပ်)
ဒီစာအုပ်ရဲ့ မူရင်းစာရေးသူဖြစ်တဲ့ John C.Maxwell ဟာ ခေါင်းဆောင်မှု၊ အောင်မြင်မှု ဘာသာရပ်တွေနဲ့ ပတ်သက်ပြီး စာအုပ်ပေါင်း ၅၀ ကျော် ရေးသားခဲ့ပြီး အုပ်ရေ ၁၆သန်းကျော်ကို ရောင်းခဲ့ရပြီး ဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာ သူ့အရေးအသားဟာ စာဖတ်သူဘေးနားမှာ ထိုင်ပြီး စာဖတ်သူနဲ့ ဆွေးနွေးစကားပြောနေသလိုမျိုး ရေးသားတဲ့ ပုံစံ ဖြစ်ပါတယ်။ သူ့အတွေ့အကြုံ၊ ဥပမာတွေကိုသုံးပြီး အောင်မြင်မှုအတွက် အရေးပါတဲ့အပြုသဘော ခံယူချက်တွေ၊ ခေါင်းဆောင်မှုအရည်အချင်းတွေ၊ လူမှုဆက်ဆံရေး အရည်အချင်းတွေ အရေးကြီးပုံကို အသေးစိတ်ရှင်းလင်းထားတာတွေ့နိုင်ပါတယ်။ အောင်မြင်နေတယ်လို့ ယူဆထားတဲ့သူတွေရဲ့ ပုံစံအတိုင်း တုပလုပ်ဆောင်ခြင်းအစား ကိုယ့်အစွမ်းအစနဲ့ ကိုယ့်စိတ်ဆန္ဒနဲ့ ကိုက်ညီတဲ့ ပုဂ္ဂိုလ်မျိုး ဖြစ်လာအောင် ကြိုးပမ်းခြင်းကာလျှင် မှန်ကန်တဲ့ အောင်မြင်မှုလမ်းကြောင်းဖြစ်တယ်ဆိုတာ ထောက်ပြထားပါတယ်။
ဒီစာအုပ်ဟာ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး စိတ်ဝင်စားသူ၊ ခေါင်းဆောင်မှုနေရာမှာ ရောက်ရှိနေသူတွေအတွက် အဓိက ရည်ရွယ်ထားတာ ဖြစ်သော်လည်း လူငယ်တွေအတွက်လည်း အများကြီးအထောက်အကူပြုနိုင်မယ့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
| စာမျက်နှာ | 182 |
|---|---|
| စာအုပ်အရွယ်အစား | 4.5x 0.4 x 7.1 inches |
| ပုံနှိပ်မှတ်တမ်း | တူဒေးစာပေ၊ 2011 အောက်တိုဘာလ (ပထမအကြိမ်) |
| စျေးနှုန်းအပြောင်းအလဲ | 5.6.2025 နေ့မှစတင်၍ မူရင်းထုတ်ဝေတိုက်မှ ကျပ် 9000 စာအုပ်စျေးနှုန်းအသစ်ပြောင်းလဲသတ်မှတ်ထားပါသည်။ |
5 in stock








ဝေဖန်သုံးသပ်မှုများ
ဒီစာအုပ်မှာ ဝေဖန်အကြံပြုချက်များ မရှိသေးပါ